.ဆန္ဒထုတ်ဖော်

February 5, 2021

စစ်အာဏာသိမ်းမှုကို အလုပ်သမားသောင်းချီ လုပ်ငန်းခွင်မပျက် ကန့်ကွက်ဆန္ဒထုတ်ဖော်

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း  စက်ရုံအလုပ်ရုံအချို့က စက်ရုံလုပ်သားသောင်းချီ လုပ်ငန်းခွင်မပျက် ဆန္ဒထုတ်ဖော်မှုတွေ စတင်ပြုလုပ်လာနေပါတယ်။

ရန်ကုန်တိုင်းအတွင်းရှိ လိူင်သာယာ၊ရွှေပြည်သာ၊ တောင်ဒဂုံ စတဲ့ စက်မှုဇုန်တွေက စက်ရုံလုပ်သားသောင်းချီ ဆန္ဒဖော်ထုတ်မှုမှာ ပါဝင်လာကြတာပါ။

ဒီကနေ့မှာပါဝင်လာတဲ့ အလုပ်သမားအဖွဲ့စည်းအသီးသီးရဲ့ အဖွဲ့ဝင် စက်ရုံအရေအတွက်က ၁၅ ရုံအထက်မှာ ရှိနေပြီး ဆက်လက်ပြီး ရန်ကုန်တိုင်းတစ်တိုင်းလုံးက စက်ရုံအလုပ်ရုံတွေ ပါဝင်လာဖို့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ အလုပ်သမားအဖွဲ့ချုပ်တွေဆီက သိရပါတယ်။

ဇာခြည်

10 months Ago
Up