ဆန္ဒထုတ်ဖေ

February 16, 2020

မန္တလေးမြို့ မင်္ဂလာဈေး ဈေးသူ ဈေးသားများ ဆန္ဒပြ (ဓာတ်ပုံ)

မီးလောင်ကျွမ်းခဲ့တဲ့ မန္တလေးမြို့ မင်္ဂလာဈေးအား ဈေးသူ၊ဈေးသားများ ဆန္ဒအတိုင်း အမြန်ဆုံး တည်ဆောက်ပေးရေးဖို့ ဖေဖော်ဝါရီ ၁၆ ရက်နေ့ နေ့လယ်ပိုင်းက ဈေးသူ၊ဈေးသား ၁၀၀ ကျော် မန္တလေးမြို့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ အဆိုပါ ဆန္ဒပြသူတွေက မီးဘေးသင့် မင်္ဂလာဈေး ဈေးသူ ဈေးသား ဆန္ဒအတိုင်း အမြန်ဆုံး တည်ဆောက်ပေးရေး၊ မန္တလေးတိုင်းအစိုးရ၏ ပေးထားသော ကတိစကားများအတိုင်း အမြန်ဆုံးဆောင်ရွက်ပေးရေး၊ မြေညီထပ် မူလနေရာ မူလအတိုင်း ပြန်လည်ရရှိရေး၊ တာ၀န်မယူနိုင်သော ပုဂ္ဂိုလ်များ အလိုမရှိ၊ မြေအောက်ထပ် အလိုမရှိ၊ သမ္မတကြီး နှင့် အမေစု ကူညီပေးပါ စတာတွေကို ကြွေးကြော်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ Photo -Kaung Zaw Hein / MPA
2 years Ago

December 27, 2019

တာမွေယာယီစျေးသစ်ဆောက်မည့်အစီအစဉ်ကို ကန့်ကွက်ဆန္ဒပြ

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်မှာ တာမွေယာယီစျေးအသစ်ဆောက်လုပ်မယ့် အပေါ် သဘောမတူတဲ့အတွက် စျေးသူ စျေးသား ၃၀၀ ဝန်းကျင်က ဒီကနေ့ မနက် စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ စျေးသစ်ဆောက်လုပ်ရမှာ စျေးသူစျေးသားတွေရဲ့ သဘောဆန္ဒကို ညှိနှိုင်းတာမရှိခြင်း၊ ဆိုင်ခန်းနေရာချထားပေးရာမှာ ကျဉ်းမြောင်းနေခြင်း၊ ဈေးသစ်မှာမြေအောက်ခန်းပါဝင်နေခြင်း။ ပွင့်လင်းမြင်သာမှုမရှိခြင်းစတာတွေ ပါဝင်တဲ့ အချက် ၈ ချက်ကို တောင်းဆိုဆန္ဒထုတ်ဖော်တာပါ။ စျေးသစ်ဆောက်လုပ်ဖို့အတွက် စျေးအတွင်းကစျေးဆိုင်ခန်းတွေကို အခုလ ၂၉ ရက်နေ့ ယာယီဆိုင်ခန်းနေရာကို အပြီးပြောင်းပေးဖို့နဲ့ မပြောင်းရွှေ့ရင်ဖျက်သိမ်းမယ်လို့ ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့ စျေးသူစျေးသားတွေကဆိုပါတယ်။ စျေးသူစျေးသားတွေကတော့ သူတို့တောင်းဆိုထားတဲ့ အချက် ၈ ချက်ကို ပြေလည်အောင်မညှိပေးရင်တော့ ပြောင်းရွှေ့ပေးမှာမဟုတ်ဘူးလို့လည်း ပြောဆိုကြပါတယ်။  
2 years Ago
Up