ဆန်တိုဆာကျွန်း

June 6, 2018

ဒေါ်နယ်ထရမ့်နှင့် ကင်ဂျုံအန်းတို့၏ ထိပ်သီးဆွေးနွေးပွဲ ဆန်တိုဆာကျွန်းတွင် ပြုလုပ်မည်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့ရဲ့ စင်ကာပူမှာလုပ်မယ့် ထိပ်သီးဆွေးနွေးပွဲကို ဆန်တိုဆာကျွန်းမှာ ပြုလုပ်မှာဖြစ်တယ်လို့ ဇွန်လ ၅ ရက်နေ့မှာ အိမ်ဖြူတော်က ပြောကြားသွားပါတယ်။ ဇွန်လ ၁၂ ရက်နေ့ မနက်ပိုင်းမှာ စတင်ဖို့ စီစဉ်ထားတဲ့ ဒီထိပ်သီးဆွေးနွေးပွဲကို ဆန်တိုဆာကျွန်းက ကက်ပယ်လာဟိုတယ်မှာ ပြုလုပ်မှာဖြစ်တယ်လို့ အိမ်ဖြူတော် ပြောခွင့်ရအမျိုးသမီး ဆာရာဆန်ဒါးစ်ရဲ့ တွစ်တာစာမျက်နှာ်မှာ ရေးသားထားတာပါ။ မြောက်ကိုရီးယား ကိုယ်စားလှယ်ဆီကနေ ခေါင်းဆောင် ကင်ဂျုံအန်းရဲ့စာကို လက်ခံရရှိပြီးနောက် အရင် ပယ်ဖျက်ခဲ့တဲ့ ထိပ်သီးဆွေးနွေးပွဲကို ပြန်လုပ်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇွန်လ ၁ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
4 years Ago
Up