ဆန်ဂျို့စ်အာ့သ်ကွစ်

July 23, 2018

မန်ယူနှင့် ဆန်ဂျို့စ်အာ့သ်ကွစ်အသင်း ဂိုးမရှိသရေကျ (ရုပ်သံဟိုက်လိုက်)

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဇူလိုင် ၂၃ ရက် မနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဆန်ဂျို့စ်အာ့သ်ကွစ် အသင်းနဲ့ပွဲမှာ ဂိုးမရှိသရေကျခဲ့ပါတယ်။ မန်ယူအသင်းဟာ အမေရိက ခရီးစဉ် ပထမခြေစမ်းပွဲမှာလည်း ကလပ်အမေရိကအသင်းနဲ့ တဂိုးစီ သရေကျခဲ့ပါတယ်။ မန်ယူအသင်းမှာ ဆန်းချက်ဇ်၊ မာရှယ်၊ ဟာရဲယား၊ ဘိုင်ယီ၊ စမောလင်း စတဲ့ ကစားသမားတွေနဲ့ ပွဲထွက်ကစားခဲ့ပြီး အသင်းခေါင်းဆောင် ဗလင်စီယာကတော့ ပွဲအစ ၇ မိနစ်မှာပဲ ဒဏ်ရာရခဲ့လို့ ဒါမီယန်နဲ့ လူစားလဲခဲ့ရပါတယ်။ ဒုတိယပိုင်းမှာ မန်ယူအသင်းက ဆန်းချက်ဇ်ကိုထုတ်ပြီး မာတာနဲ့ လူငယ်ကစာသမားတွေ ထပ်ထည့်ပြီး ကစားကွက် ပြောင်းလဲကစားခဲ့ပေမယ့် အမေရိကန်ကလပ် ဆန်ဂျို့စ်ကလည်း အကောင်းဆုံး တားဆီးနိုင်ခဲ့တာကြောင့် ဂိုးမရှိရလဒ်နဲ့ ပွဲပြီးခဲ့တာပါ။ မန်ယူအသင်းဟာ လာမယ့် ဇူလိုင် ၂၅ ရက်မှာ အင်တာနေရှင်နယ် ချန်ပီယံဖလားပွဲစဉ်အဖြစ် အေစီမီလန်အသင်းနဲ့ ဆက်ပြီး ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။
3 years Ago
Up