ဆန်

September 5, 2018

တရုတ်တွင် ဆန်အထွက်နှုန်း ကမ္ဘာ့စံချိန်သစ်တင်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ထဲက စူပါဟိုက်ဘရစ် ဆန်ဌာနချုပ်မှာ ဆန်အထွက်နှုန်း ၁ ဟက်တာကို ပျမ်းမျှ ၁၇ ဒသမ ၂၈ တန်ထွက်ခဲ့လို့ ကမ္ဘာ့စံချိန်သစ် တင်လိုက်တယ်လို့ တရုတ်အစိုးရရုပ်သံ စီစီတီဗွီက အစီရင်ခံပါတယ်။ တရုတ်အမျိုးသား ဆန်သုတေသန တက္ကသိုလ် အပါအဝင် သက်ဆိုင်ရာအဖွဲ့ ၉ ခုက ပညာရှင်တွေ ကော့ကျိုမြို့ကို စက်တင်ဘာ ၁ ရက် မနက်က ရောက်လာပြီး ဟိုက်ဘရစ် စပါးစိုက်ခင်း ၃ ခုက အထွက်နှုန်းကို စစ်ဆေးခဲ့တာပါ။ ဌာနချုပ်ရဲ့ စပါးခင်း ၁၅၁၅ ဟက်တာထဲကနေ ဒီစပါးခင်း ၃ ခင်းကို ကျဘန်း ရွေးချယ် စစ်ဆေးခဲ့တာလို့ တရုတ်စိုက်ပျိုးရေးနဲ့ ကျေးလက်ရေးရာ ဝန်ကြီးဌာန စည်းမျဉ်းဌာနက ဆိုပါတယ်။ “ဒီနေရာဟာ အမြင့်က အနေတော်မှာရှိတယ်။ မိုးကောင်းပြီး နေရောင်ပြင်းတယ်။ ဒါကြောင့် အထွက်နှုန်းကောင်းခဲ့တာ" လို့ ယူနန် သိပ္ပံနဲ့နည်းပညာအဖွဲ့ ဥက္ကဋ္ဌက ပြောပါတယ်။ သမားရိုးကျ စပါးစိုက်နည်းနဲ့မတူဘဲ တိကျတဲ့ အရေအတွက်အတိုင်း စိုက်ပျိုးတဲ့ နည်းလမ်းနဲ့ စပါးစိုက်ထားပြီး သိပ္ပံနည်းကျ စောင့်ကြည့်စီမံခန့်ခွဲတာကို ပျိုးထောင်ချိန် တလျှောက်လုံးလုပ်ဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။ ကော့ကျို စူပါဟိုက်ဘရစ် ဆန်စိုက်ခင်းဟာ ယွမ်လောင်ပင်း စူပါဟိုက်ဘရစ် ဆန်သုတေသန စီမံကိန်းရဲ့ အစိတ်အပိုင်းဖြစ်ပြီး နှစ်တိုင်း အသစ်တွေကို စွမ်းဆောင်နိုင်နေတယ်လို့လည်း စီစီတီဗွီက အစီရင်ခံပါတယ်။ ယွမ်လောင်ပင်းဟာ ဟိုက်ဘရစ်ဆန်တို့ရဲ့ ဖခင်လို့ တင်စားခေါ်ဝေါ်တဲ့ တရုတ် စိုက်ပျိုးရေးပညာရှင်လည်း ဖြစ်ပါတယ်။ သူ့ရဲ့ သုတေသနတွေကြောင့် ဆန်အထွက်နှုန်း ၃ ဆ တိုးခဲ့တယ်လို့လည်း စီစီတီဗွီက ပြောပါတယ်။
3 years Ago

December 28, 2016

မြန်မာပြည်က ဆန်ဝယ်မည့်အစီအစဉ် ဖိလစ်ပိုင်ဖျက်သိမ်း

ဖိလစ်ပိုင်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံ ဆန် တန်ချိန် ၄သိန်း ၀ယ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် အရည် အသွေးနဲ့ ဈေးနှုန်းကွာဟမှုတွေကြောင့် ကမ်းလှမ်းမှုပျက်ပြယ်သွားတယ်လို့ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က ပြောပါတယ်။ ဖိလစ်ပိုင်နိုင်ငံက အရင်အစိုးရ လက်ထက်မှာ ၀ယ်ယူဖို့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး မြန်မာ့ ဆန်ထက်အရည် အသွေးကောင်းမွန်ပြီး ဈေးနှုန်းချိုသာတဲ့ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံတွေ ကနေ ပြောင်းလဲဝယ်ယူသွားတာကြောင့် ဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အလုပ်မှုဆောင် အဖွဲ့ဝင် ဦးအောင်ဆန်းက ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်က ပြည်ပကို ဆန်တန်ချိန် ၁ ဒသမ ၄ သန်းခန့် တင်ပို့နိုင်ခဲ့ပေ မယ့် ဒီနှစ်မှာ တော့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် မူဆယ်နယ်စပ် တရုတ်ဆန် တင်ပို့မှုကို ရပ်နားထားရတာကြောင့် လက်ရှိ အချိန်ထိ ပြည်ပကို ဆန်တန်ချိန် ၈ သိန်းခန့်သာ တင်ပို့နိုင်သေး တယ်လို့ သိရပါတယ်။ သတင်း - AIMA
5 years Ago
More News
Up