မန်စီးတီးအသင်းဟာ အာဆင်နယ်အသင်းရဲ့ အဓိက ကစားသမား ဆန်းချက်ဇ်ကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
လက်ရှိအပြောင်းအရွှေ့ရာသီမှာ မန်စီးတီးဟာ ကစားသမားအသစ်တွေကို ပေါင်သန်း ၂၂၀ အသုံးပြု ခေါ်ယူထားပြီး ဖြစ်ပါတယ်။
အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း လပိုင်းသာ ကျန်ရှိတော့တဲ့ ချီလီလက်ရွေးစင် အသက် ၂၈ နှစ်အရွယ် ဆန်းချက်ဇ်ကို မန်စီးတီးက ပေါင်သန်း ၅၀ အထက်ပေးပြီး ခေါ်ယူဖို့ရှိသလို သူတောင်းဆိုတဲ့ လစာငွေကိုလည်း ပေးဖို့ရည်ရွယ်ထားပါတယ်။
အာဆင်နယ်နည်းပြ ဝင်းဂါးကတော့ ဆန်းချက်ဇ်ကို ရောင်းမှာမဟုတ်ဘူးလို့ အကြိမ်ကြိမ်ပြောဆိုထားပါတယ်။
ဆန်းချက်ဇ်ဟာ ၂၀၁၄ ခုနှစ်က ဘာစီလိုနာအသင်းကနေ ပေါင် ၃၁ ဒသမ ၇ သန်းနဲ့ အာဆင်နယ်ကို ရောက်ရှိခဲ့တာပါ။
သူ့ဟာ တနှစ်ကို အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၅ သန်း ရရှိနေသူဖြစ်ပါတယ်။
ဆန်းချက်ဇ်ဟာ အာဆင်နယ်အတွက် ပွဲ ၁၀၀ ကျော် ကစားပေးခဲ့ပြီး ဂိုးပေါင်း ၅၀ ကျော် သွင်းထားပေးသူဖြစ်ပါတယ်။
5 years Ago