ဆန့်ကျင်ရေး လက်ကမ်းစာစောင်

December 15, 2020

မြောက်ကိုရီးယားဆန့်ကျင်ရေး လက်ကမ်းစာစောင်ဖြန့်ဝေမှု တောင်ကိုရီးယား တားမြစ်

မြောက်ကိုရီးယားအစိုးရ ဆန့်ကျင်ရေး ဝါဒဖြန့် လက်ကမ်းစာစောင်တွေကို တောင်ကိုရီးယားက ဒီဇင်ဘာ ၁၄ ရက်မှာ တားမြစ်လိုက်ပါတယ်။  ဒီအတွက် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ဝေဖန်ကြပြီး ထင်ရှားတဲ့ မြောက်ကိုရီးယား ပြည်ပြေးတစ်ဦးကလည်း လက်ကမ်းစာစောင်တွေ ဆက်ပို့သွားမယ်လို့ ဆိုပါတယ်။ မြောက်ကိုရီးယား ဆန့်ကျင်ရေး ပုံနှိပ်စာရွက်တွေ၊ ပစ္စည်းတွေနဲ့ တခြားအဖိုးတန်ပစ္စည်းတွေ ကြဲချတာကို တားမြစ်တဲ့ ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံမှု  တိုးတက်ရေး အက်ဥပဒေကို ပြင်ဆင်ဖို့  တောင်ကိုရီးယား လွှတ်တော်က မဲခွဲဆုံးဖြတ်ခဲ့တာပါ။ ဒီဥပဒေက အသံချဲ့စက်တွေနဲ့ ဝါဒဖြန့်ကြေညာတာကိုလည်း တားမြစ်ပါတယ်။ ဒီလို အသံချဲ့စက်တွေနဲ့ ဝါဒဖြန့်တာကို စိတ်ဓာတ်ရေးရာ စစ်ဆင်ရေးအနေနဲ့  တောင်ကိုရီးယား စစ်တပ်က တစ်ချိန်က ကာကွယ်ပြောဆိုခဲ့ဖူးပါတယ်။ ဒီတားမြစ်ချက်ဟာ ၃ လအကြာ အာဏာတည်မှာ ဖြစ်ပြီး တားမြစ်ချက် ချိုးဖောက်သူဟာ ထောင်ဒဏ် ၃ နှစ်၊ ဒါမှမဟုတ် ငွေဒဏ် ဝမ် သန်း ၃၀ ပေးဆောင်ရမယ်လို့ ရိုက်တာက ဖော်ပြပါတယ်။ 
1 year Ago
Up