ဆဒ္ဒန်ဂူကို ဘားအံမြို့တောင်ဘက် မိုင် ၂၀ အကွာမှာရှိပြီး မြို့ရှောင်လမ်းပေါ်ကနေ အထဲကို ၁၁ မိုင်ခန့် ဝေးတဲ့နေရာမှာ ရှိပါတယ်။
ဘားအံ-ဒုံရင်း ကားလမ်းပေါ်က လည်းကောင်း၊ မွန်ပြည်နယ်ကလာရင် ဂျိုင်း(ဇာသပြင်)တံတားကို ဖြတ်ကာ ရွှေပြည်တောင် အပယ်ပိတ်ဘုရားလမ်းခွဲကနေလည်း သွားလို့ရပါတယ်။ ဇွဲကပင်အရှေ့ဘက် ကားလမ်းအိန္ဒုမြို့ကနေ ဝင်လို့လည်း ရပါတယ်။
ကော့မှူးတာကျေးရွာအုပ်စု၊ ကော့ဝါးဆူးကျေးရွာအနီးမှာ တည်ရှိပြီး၊ လိုဏ်ဂူပတ်ဝန်းကျင်မှာ ဧက ၂၀ ခန့်ရှိတဲ့ အင်းအိုင်ကြီးတခုရှိပါတယ်။ ဆဒ္ဒန်ဆင်မင်း ပျော်မွေ့ခဲ့တဲ့ ဆဒ္ဒန်အိုင်လို့ တင်စားခေါ်ဝေါ်ကြပါတယ်။
အင်းရေက ဆဒ္ဒန်ဂူကို ပတ်ပြီးစီးနေကာ ဂူရဲ့အစိတ်အပိုင်းတချို့ကို လှေနဲ့ လှည့်ပတ်ကြည့်ရှုနိုင်ပါတယ်။
6 years Ago