ဆတ်ကြီး

March 10, 2019

အိမ်ခေါင်မိုးပေါ်ရောက်ပြီး ပြန်မဆင်းတတ်ဖြစ်ခဲ့တဲ့ ဦးချိုပြားဆတ်ကြီး (ရုပ်သံ)

ကနေဒါနိုင်ငံ ဂျော့ဂ်ျပရင့်ဒေသမှာနေထိုင်တဲ့ စုံတွဲတတွဲဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က သူတို့အိမ်ဘေးနားက အဖီဆောင်ခေါင်မိုးပေါ်မှာ ထူးထူးဆန်းဆန်း ချိုပြားဆန်ကြီးတကောင် ရောက်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒီဖြစ်ရပ်ကို အဲ့ဒီအိမ်မှာနေထိုင်တဲ့ အမျိုးသမီးဖြစ်တဲ့ ဆန်ဒိ ပါဟဲလ်က ဗွီဒီယိုရိုက်ကူး မှတ်တမ်းတင်ခဲ့တာဖြစ်ပြီး ခေါင်မိုးပေါ်ကနေ အောက်ဆင်းဖို့ နည်း လမ်းရှာနေတဲ့ တောရိုင်းတိရစ္ဆာန်ကြီးကို မြင်တွေ့ခဲ့ရပါတယ်။ ဒီသတ္တဝါကြီးကို အလုပ်ကနေ ပြန်လာတဲ့ ဆန်ဒိရဲ့ အမျိုးသားက ဦးစွာမြင်တွေ့ခဲ့ရတာပါ။ ကားကို ဂိုထောင်ထဲသွင်းလိုက်တဲ့အချိန်မှာ အမိုးပေါ်က အသံတွေကို ကြားခဲ့ရပြီး ထွက်ကြည့်လိုက်မိတော့ ဒီသတ္တဝါကြီးက ခေါင်မိုးပေါ်မှာ ထူးထူဆန်းဆန်းရှိနေခဲ့တာပါလို့ ဆန်ဒိက ပြောပါတယ်။ “ကျမတို့ သူ့ကိုမြင်တွေ့ခဲ့ပြီး နောက် ၁၀ မိနစ်လောက်အထိ ဒီကောင်ကြီးက ခေါင်မိုးပေါ်မှာ ရှိနေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဘေးမှာရှိတဲ့ သစ်ပင်တပင်ရဲ့အကူအညီနဲ့ သူခေါင်မိုးပေါ်က ဆင်းသွားနိုင်ခဲ့ပါတယ်။” ဂျော့ဂ်ျပရင့်ဒေသမှာ ဒီလိုမျိုး ဦးချိုပြားဆတ်တွေကို မကြာခဏမြင်တွေ့ရပေမယ့် အခုလို အိမ်ခေါင်မိုး ပေါ်ရောက်ရှိနေတာကတော့ ကြုံတောင့် ကြုံခဲဖြစ်စဉ်တခုပါ။ သူတို့ တသက်မှာ ဒီလိုအဖြစ်မျိုး တစ်ခါမှမကြုံဖူးဘူးလို့ ဆန်ဒိတို့က စုံတွဲက ပြောပါတယ်။
2 years Ago
Up