ဆည်နှစ်ခု ကျိုးပေါက်

May 20, 2020

မစ်ရှီကန်ပြည်နယ်တွင် ဆည်နှစ်ခု ကျိုးပေါက်၊ ဒေသခံများ ဘေးလွတ်ရာ ရွှေ့ပြောင်း

အမေရိကန်နိုင်ငံ မစ်ရှီကန်ပြည်နယ်အလယ်ပိုင်းမှာ မေ  ၁၉  ရက်က ဆည်နှစ်ခု ကျိူးပေါက်ခဲ့ပြီး အာဏာပိုင်တွေက ဒေသခံတွေကို ဘေးလွတ်ရာ ပြောင်းရွှေ့ဖို့ တိုက်တွန်းခဲ့ရပါတယ်။ ဒတ်ထရွိုက်မြို့ မြောက်ဘက် မိုင် ၁၅၀ နီးပါးအကွာမှာရှိတဲ့ အက်ဒမ်ဗေးလ်ဆည် ကျိုးပေါက်ခဲ့ပြီး ဆည်ရေတွေဟာ အနီးဝန်းကျင် ဝက်ဇွမ်လိတ်ခ်ရေကန်ထဲ တရှိန်ထိုး စီးသွားခဲ့ပါတယ်။ ဆည်ကျိုးပေါက်တာနဲ့ပတ်သက်လို့ အမျိုးသားမိုးလေဝသဌာနက အဲဒီဒေသမှာ ရေကြီးမှု သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် ဆန်းဖို့ဒ်ဆည်ဟာလည်း ကျိုးပေါက်ခဲ့ပြီး ဆန်းဖို့ဒ်မြို့ တချို့နေရာတွေမှာ  ရေကြီး ရေလျှံနေပါတယ်။ ဆည်နှစ်ခု ကျိုးပေါက်ပြီးနောက်မှာ မစ်ရှီကန်ပြည်နယ် အုပ်ချုပ်ရေးမှူးက  မစ်လန်းကောင်တီအတွက် အရေးပေါ်အခြေအနေ ထုတ်ပြန်ခဲ့ပါတယ်။  မိုးလေဝသဌာနက မစ်ရှီဂန်ပြည်နယ်ရှိ မြစ်နှစ်ခုဟာ ရေကြီးရေလျှံနေတယ်လို့ သတင်းထုတ်ပြန်ပါတယ်။ ဒါ့အပြင် ဆည်နှစ်ခု ကျိုးပေါက်မှုကြောင့် ဆည်အောက်ဘက်ရှိ ဒေသတွေမှာ အရေးပေါ် ရေကြီးမှု သတိပေးချက် ထုတ်ပြန်ထားတယ်လို့လည်း အမျိုးသား မိုးလေဝသဌာနက  ပြောကြားခဲ့ပါတယ်။ 
11 months Ago
Up