ဆည်တမံ

July 16, 2020

တရုတ်နိုင်ငံတွင် ရေကြီးနေသဖြင့် ဆည်တမံများ ကြံ့ခိုင်ရေးလုပ်ဆောင်နေရ

တရုတ်နိုင်ငံအလယ်ပိုင်းနဲ့အရှေ့ပိုင်းဒေသတွေမှာ ဇူလိုင်လဆန်းကစလို့ ရေကြီးနေတာမို့  ဒေသအာဏာပိုင်တွေဟာ ဆည်တာတမံတွေကို ကြံ့ခိုင်အောင်လုပ်နေရသလို လူတွေကို အရေးပေါ် ကယ်ဆယ်နေရပါတယ်။ ကျန်းရှီးပြည်နယ်မှာ အာဏာပိုင်တွေက ဒေသခံ  ၆၅၄၀၀ ကို နေရာရွှေ့ပြောင်းပေးခဲ့ ရသလို အရှေ့ပိုင်း အန်းဟွေပြည်နယ်မှာလည်း ယန်ဇီမြစ်တလျှောက်က မြို့ ၅ မြို့ရှိ  လူဦးရေ ၁၀၀၀၀ ကျော်ကို နေရာရွှေ့ပြောင်းပေးခဲ့ရပါတယ်။  ဟော်ဘေပြည်နယ်မှာလည်း ရေကြီးမှုတွေ ဆိုးရွား နေဆဲဖြစ်ပြီး ဇူလိုင်လ ၁၂ ရက်မှာတော့ ကိုရိုနာဗိုင်းရပ်စ် စတင်ပြန့်ပွားရာ ဝူဟန်မြို့အထိ ရေကြီးခဲ့ပါတယ်။ နိုင်ငံအတွင်းရှိသမျှ မြစ်ပေါင်း ၉၈ ခုမှာ စိုးရိမ်ရေမှတ် အထက်မြင့်တက်နေဆဲဖြစ်တယ်လို့ တရုတ်ရေအရင်းအမြစ်ဝန်ကြီးဌာနရဲ့ ပြောကြားချက်ကို ကိုးကားပြီး  ရိုက်တာသတင်းက ဖော်ပြပါတယ်။ 
10 months Ago
Up