မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် တံငါတောင်ကျေးရွာမှာ ဆည်တော်ကြီး ရေလှောင်တမံမှ ရေဖောက်ထုတ်ခဲ့လို့ တံငါတောင်ကျေးရွာအုပ်စုမှာ ကွင်းအမှတ် ၂၃၄ ကနေ ၂၄၀ အတွင်းရှိ လယ်မြေဧက ၁၀၀ ကျော်နဲ့ အိမ်ခြေ ၈၀ ကျော်ရေနစ်မြုပ်နေပါတယ်။
ဒေသခံ ဦးရဲရင့်အောင်က “အခြေခံပညာကျောင်းတွေ၊ ဈေးတွေလည်း ပိတ်ထားရပြီး ကျန်းမာရေးအတွက် စောင့်ရှောက်မှုတွေအတွက် သောက်သုံးရေ လိုအပ်နေတယ်”လို့ ပြောပါတယ်။
တံငါတောင်ကျေးရွာမှာ အိမ်ခြေ ၉၀၀ ကျော်ရှိပြီး အိမ်ထောင်စု ၄၀၀ ကျော်နဲ့ လူဦးရေ ၂၀၀
ကျော်ရှိပါတယ်။
4 years Ago