ဆည်ကျိုးပေါက်မှု

July 26, 2018

လာအို ဆည်ကျိုးပေါက်မှု သေဆုံးသူ ၂၆ ဦးရှိလာ၊ လူထောင်ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်

လာအိုနိုင်ငံမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဆည်ကျိုးပေါက်ခဲ့တာကြောင့် ဇူလိုင် ၂၆ ရက်နေ့အထိ သေဆုံသူ ၂၆ ဦးရှိသွားပြီဖြစ်ပြီး ထောင်ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပါတယ်။ ပျောက်ဆုံးသူအရေအတွက် ၁၃၁ ဦးထိ ရှိတယ်လို့လည်း ဗွီအိုအေသတင်းမှာ ဖော်ပြထားပါတယ်။ ရေဘေးသင့်ပြည်သူတွေထဲက လူ ၈ဝဝ ခန့်ဟာ နိုင်ငံတောင်ပိုင်း ချန်ပါဆက် ပြည်နယ်က ယာယီခိုလှုံရေးစခန်းတွေမှာ နေထိုင်နေကြတာ ဖြစ်ပါတယ်။ အခုကျိုးပေါက်သွားတဲ့ ဆည်ဟာ အမေရိကန်ဒေါ်လာ သန်း ၁၂၀၀ ခန့်ကုန်ကျမယ့် ရှီပီရန် ရှီနမ်နွိုင် (Xepian-Xe Nam Noy) ဆည် ပရောဂျက်ကြီးရဲ့ အစိတ်အပိုင်းထဲမှာ ပါဝင်တဲ့ အရန်ဆည်ဖြစ်တယ်လို့ ဗွီအိုအေသတင်းမှာ ဖော်ပြထားပါတယ်။
5 years Ago
Up