ကိုလံဘီယာနိုင်ငံ မြောက်ပိုင်းက ရေအားလျှပ်စစ် ဓာတ်အားထုတ်မယ့် ဆည်တခု ဆောက်လုပ်ရေး ပြဿနာတက်ခဲ့လို့ အကြီးအကျယ် ရေလွှမ်းမှာ စိုးရိမ်နေကြပါတယ်။
ဒါကြောင့် ကောင်ကာမြစ်တလျှောက်မှာ နေကြတဲ့ လူအယောက် ငါးထောင်နီးပါးကို ဘေးလွတ်ရာ ရွှေ့ပြောင်းပြီးပြီလို့ ကပ်ဘေးကယ်ဆယ်ရေး အေဂျင်စီက ကြေညာချက် ထုတ်ခဲ့ပါတယ်။
မိုးသည်းလို့ ကောင်ကာမြစ်ရေ မြင့်တက်ခဲ့တာပါ။ ဒါကြောင့် အန်တီယိုကွေယာ ခရိုင်အတွင်း အစ်သွမ်ဂိုဆည်မှာ ရေတက်ခဲ့ပါတယ်။
ဒီဆည်ဟာ ကိုလံဘီယာရဲ့ အကြီးဆုံး ရေအားလျှပ်စစ် ဓာတ်အားပေး စီမံကိန်းလည်း ဖြစ်ပါတယ်။
ဆည်ရဲ့ ဥမင်တွေနဲ့ ချိတ်တွဲမှုဆိုင်ရာ လုပ်ငန်းစဉ်တွေ ပြဿနာတက်ခဲ့လို့ အာဏာပိုင်တွေက အကြီးအကျယ် တပ်လှန့် ထားရပါတယ်။
ဆည်ထဲ ရေဝင်မှုကို ထိန်းချုပ်နိုင်စွမ်း ပြန်မရမချင်း ဘေးရှိတယ်လို့ သတ္ထုတွင်းနဲ့ စွမ်းအင်ဝန်ကြီးက ပြောပါတယ်။
ဒီဆည်ကို ဆောက်ဖို့ ဒေါ်လာ ၄ ဘီလျံနီးပါး ကုန်ကျခဲ့ပြီး ကိုလံဘီယာရဲ့ လျှပ်စစ် လိုအပ်ချက် ၁၇ ရာခိုင်နှုန်းကို ဖြည့်စွမ်းဖို့ ရည်မှန်းထားတာပါ။
မြစ်အောက်ပိုင်းက လူနေထူထပ်တဲ့ မြို့ ၁၂ မြို့မှာ နေကြတဲ့ လူ ၂ သိန်းလောက် ရေလွှမ်းမိုးတဲ့ဘေးကို နောက်ဆုံးမှာ ရင်ဆိုင်ရချေ ရှိတယ်လို့ အာဏာပိုင်တွေက ပြောခဲ့ပါတယ်။
5 years Ago