ဆစ်ဒနီမြို့ခံ

A d v e r t i s e m e n t With Us

December 26, 2020

ဘွန်ဒီကမ်းခြေတွင် ဆစ်ဒနီမြို့ခံများ ခရစ္စမတ်ပွဲတော် ဆင်နွှဲ

သြစတြေးလျနယ်စပ်တွေကို ပိတ်ထားပြီး ပြည်တွင်းခရီးသွားလုပ်ငန်း အကန့်အသတ်နဲ့ ရှိနေချိန်မှာ ဒီဇင်ဘာလ ၂၅ ရက်က ဆစ်ဒနီမြို့ခံတွေဟာ ကမ္ဘာကျော် ဘွန်ဒီကမ်းခြေမှာ ခရစ္စမတ်အပန်းဖြေခရီးကို ဆင်နွှဲနေကြပါတယ်။ နှစ်စဉ်နှစ်တိုင်း ဧည့်သည်ထောင်ချီ လာတဲ့ ခရစ္စမတ်ကာလ လည်ပတ်ရာ ဘွန်ဒီကမ်းခြေဟာ ရာသီဥတုဆိုးတာနဲ့ ကပ်ရောဂါကြောင့် ကမ်းခြေလာသူတွေ မရှိခဲ့ပါဘူး။ ဒါပေမဲ့ နေ့လယ်ပိုင်းမှာတော့ ရေကူး၊ လှိုင်းစီး၊ ခရစ္စမတ်သစ်ပင်ရှေ့ ဓာတ်ပုံရိုက်ကြတဲ့ လူ ၁၀၀ လောက် ရှိပါတယ်။ ဗြိတိန် ကမ္ဘာလှည့်ခရီးသည်တစ်ဦးကလည်း အိမ်ကို လွမ်းပေမယ့် အခုချိန်မှာ သြစတြေးလျထက် ပိုကောင်းတဲ့နေရာ မရှိပါဘူးလို့ ပြောပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေနဲ့ယှဉ်ရင် သြစတြေးလျဟာ ကိုဗစ်-၁၉ ကူးစက်သူရော သေဆုံးသူ အရေအတွက်ပါ နည်းပါးပါတယ်။ သြစတြေးလျမှာ ကိုဗစ်ကူးစက်သူ စုစုပေါင်း ၂၈,၃၀၀ အောက်နဲ့ သေဆုံးသူ စုစုပေါင်း ၉၀၈ ယောက် ရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
2 months Ago
Up