ဆစ်ဒနီမြို့

July 31, 2021

ဆစ်ဒနီမြို့၌ လော့ဒေါင်းဆန့်ကျင်သပိတ်ကို ရဲက စစ်ဆေးရေးဂိတ်များချပြီး တားဆီး

သြစတြေးလျနိုင်ငံရဲ့ လူဦးရေအများဆုံးပြည်နယ် နယူးဆောက်သ်ဝေးလ်မှာ   ဇူလိုင်လ ၃၁ ရက် စနေနေ့က ကိုဗစ်-၁၉ ကူးစက်ခံရသူ ၂၁၀ ရှိကြောင်း ထုတ်ပြန်ထားပါတယ်။

ပြည်နယ်ရဲ့ မြို့တော် ဆစ်ဒနီမြို့လယ်မှာတော့  လော့ဒေါင်းချတာကိုကန့်ကွက်ဆန္ဒပြဖို့ စီစဉ်ထားတဲ့သပိတ်ကို   ရဲတပ်ဖွဲ့က တားဆီးဖို့အတွက် စစ်ဆေးရေးဂိတ်တွေ အများကြီးချပြီး ပိတ်ဆို့ခဲ့ပါတယ်။ ကူးစက်နှုန်းအလွန်မြင့်မားတဲ့ ဒဲလ်တာဗိုင်းရပ်စ် ဖြစ်ပွားမှုကိုတိုက်ဖျက်နေချိန်မှာပဲ မြို့တော်နဲ့ အနီးတစ်ဝိုက်ကို အနည်းဆုံး သြဂုတ်လကုန်အထိ ကြာမြင့်မယ့် သီတင်းပတ်ချီကြာ တင်းကျပ်တဲ့အကန့်အသတ်နဲ့ လော့ဒေါင်းချထားတာ ဖြစ်ပါတယ်။

လော့ဒေါင်း ဆန့်ကျင်ဖို့ ခွင့်ပြုချက်မရှိဘဲ ပြုလုပ်မယ့် ဆန္ဒပြပွဲကို တားဆီးဖို့ ဆစ်ဒနီမြို့တစ်ဝိုက်မှာ ရဲအရာရှိ ၁ ထောင်လာက်ကို တပ်ဖြန့်ထားပါတယ်။ 

ဒါ့အပြင် ရဲတွေဟာ ဆန္ဒပြပွဲနေရာဆီ ခရီးသည်တွေကို တင်ဆောင်လာမယ့် တက္ကစီတွေနဲ့ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုတွေကိုလည်း တားမြစ်သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်ကုန်က လူပေါင်းထောင်ချီ ပါဝင်တဲ့ ဆန္ဒပြပွဲဟာ ဖမ်းဆီးခံရတာတွေ၊ ရဲတွေနဲ့ပဋိပက္ခဖြစ်ပွားတာတွေဖြစ်ခဲ့ရပါတယ်။

2 months Ago

May 22, 2020

ဆစ်ဒနီမြို့တွင် အသုံးဆောင်ပစ္စည်း ဆိုင် ၁ ဆိုင်ကို ကားဝင်တိုက်၊ ၁၂ ဦး ဒဏ်ရာရ

သြစတြေးလျနိုင်ငံ  ဆစ်ဒနီမြို့မှာ  မေ ၂၁  ရက်က   ဆိုင် ၁ ဆိုင်ထဲကို ကား ၁ စီး ဝင်တိုက်ခဲ့တာကြောင့်    လူ ၁၂ ယောက် ဒဏ်ရာရခဲ့ပါတယ်။ ကားဟာ မီးပွိုင့်မှာ ရပ်ထားတဲ့ ကား ၁ စီးကို ကနဦး  ဝင်တိုက်ပြီးနောက် လမ်းဆုံကို ကျော်ဖြတ်ကာ အနီးဝန်းကျင်ရှိ အစ္စလာမ်အသုံးအဆောင် ဆိုင်တခုကို ဝင်တိုက်ခဲ့တာပါ။   အခင်းနေရာက ကားဒရိုင်ဘာနဲ့  လမ်းသွားလမ်းလာ ၁၁ ယောက်ကို ဒဏ်ရာရရှိခဲ့ကြပြီး မစိုးရိမ်ရဘူးလို့ သိရပါတယ်။  အသက်  ၅၁ နှစ် အရွယ် ယာဉ်မောင်းဟာ အရင်က ယာဉ်တိုက်မှုဖြစ်ခဲ့တဲ့  ရာဇဝင်ရှိပီ့း သူ့ကို သွေးနဲ့ ဆီးစစ်ဖို့   ဆေးရုံခေါ်သွားခဲ့ပါတယ်။ ယာဉ်တိုက်မှုဖြစ်ရတဲ့ အကြောင်းရင်းကို စုံစမ်းနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ 
1 year Ago
More News
Up