ဆစ်ဒနီ

A d v e r t i s e m e n t With Us

January 1, 2021

ဆစ်ဒနီတွင် မီးရှူးမီးပန်းပစ်လွှတ်ပြီး  နှစ်သစ်ကူးပွဲကို အကျဉ်းချုံး ကျင်းပ

နှစ်စဉ်ကျင်းပနေကျ နှစ်သစ်ကူးည မီးရှူးမီးပန်းပစ်လွှတ်မှုကို  ဒီနှစ်တော့ ဩစတြေးလျနိုင်ငံ  ဆစ်ဒနီမြို့မှာ  အကျဉ်းချုံးကျင်းပခဲ့ပါတယ်။  ဆစ်ဒနီကဇာတ်ရုံထက်  ရောင်စုံမီးပန်းတွေ ပစ်လွှတ်ခဲ့ပေမဲ့ ဆစ်ဒနီဆိပ်ကမ်းကတော့ လူသူကင်းမဲ့လို့ နေပါတယ်။  ကိုရိုနာဗိုင်းရပ်စ် မပျံ့စေဖို့ ဆစ်ဒနီမြို့ဝန်းကျင်မှာ ဆိုင်ထိုင်စားသောက်တာတွေနဲ့ ဟိုတယ် တည်းခိုဖို့ စာရင်းပေးတာတွေကို ကန့်သတ်ထားပါတယ်။  ဇန်နဝါရီ ၁ ရက်  နှစ်သစ်ကူး အကျဉ်းချုံး မီးရှူးမီးပန်း ပစ်ဖောက်မှုကို ဆစ်ဒနီ ဆိပ်ကမ်းက ဖောင်တွေ၊  အထင်ကရ ဆစ်ဒနီကဇာတ်ရုံနဲ့ ဆစ်ဒနီဆိပ်ကမ်းကနေ ပစ်လွှတ်ခဲ့တာပါ။  ဆစ်ဒနီဆိပ်ကမ်းတံတားဟာ မီးရှူးမီးပန်း ပစ်လွှတ်တဲ့ အဓိကနေရာဖြစ်ပြီး  ပစ်လွှတ်ချိန်ကို ၇ မိနစ်အထိ လျှော့ချခဲ့ပေမဲ့  ဆစ်ဒနီဟာ အစဉ်အလာအတိုင်း မီးရှူးမီးပန်းတွေ ပစ်လွှတ်ခဲ့ပါတယ်။ 
2 months Ago

July 6, 2020

တိုင်ရင်းသားများကို မတရားပြုကျင့်မှုအပေါ် ဆစ်ဒနီတွင် လူထောင်ချီ ဆန္ဒပြ

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ လူမည်းရဲ့အသက်လည်း အရေးပါတယ်လို့ နာမည်ပေးထားတဲ့  ဆန္ဒပြပွဲကို ဇူလိုင်လ ၅ ရက်က ပြုလုပ်ခဲ့ကြပြီး လူထောင်ပါဝင်ခဲ့ကြပါတယ်။ ရဲတွေ ထိန်းသိမ်းထားတာ ခံရချိန်မှာ တိုင်းရင်းသားတွေအပေါ် မတရားပြုကျင့်မှုကို သတိထားမိအောင် ရည်မှန်းဆန္ဒပြတာလို့ သိရပါတယ်။  ရဲအချုပ်ထဲမှာ သူတို့ ကလေးတွေ သေဆုံးခဲ့ရတဲ့ မိဘတွေ အတော်များများကလည်း သူတို့ ကလေးတွေအကြောင်းကို ဆန္ဒပြပွဲအတွင်း ဖွင့်ပြောခဲ့ကြပါတယ်။  ဆစ်ဒနီမြို့ရဲ့ လောင်းဘေးထောင်ထဲမှာ ၂၀၁၅ ခုနှစ်က အချုပ်ခံထားရချိန်မှာ အသက်ရှူ မရတော့ဘူးလို့ ပြောဆိုတောင်းပန်ပေမယ့် ချုပ်ထားခဲ့တဲ့ အကျင့်စာရိတ္တ ပြုပြင်ရေး အရာရှိတွေ ကြောင့် သေဆုံးသွားသူရဲ့ ဖခင်လည်း ဒီဆန္ဒပြပွဲကို တက်ရောက်ပါတယ်။  သြစတြေးလျနိုင်ငံတွင်း လူဦးရေရဲ့ ၃ ရာခိုင်နှုန်းသာရှိတဲ့ အဘောရီးဂျင်း တိုင်းရင်းသား တွေနဲ့ တောရက်စ် ရေလက်ကြားကျွန်းသားတွေဟာ ထောင်သားဦးရေရဲ့ ၂၈ရာခိုင်နှုန်းအထိ ရှိနေ တယ်လို့ သြစတြေးလျစာရင်းအင်းဗျူရိုက ပြောပါတယ်။  မြောက်ပိုင်းပြည်နယ်မှာတော့ ထောင်သား ၈၄ ရာခိုင်နှုန်းဟာ တိုင်းရင်းသားတွေ ဖြစ်နေပြီး မြောက်ပိုင်းပြည်နယ် လူဦးရေရဲ့ ၂၅ ရာခိုင်နှုန်းအထိ ရှိနေတယ်လို့ ရိုက်တာသတင်းဌာနမှာ ဖော်ပြပါတယ်။  
8 months Ago
More News
Up