သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့က စားသောက်တန်းမှာ နိုဝင်ဘာ ၂၉ ရက်က ဓာတ်ငွေ့ပေါက်ကွဲမှုကြောင့် လူ ၁၄ ဦး ဒဏ်ရာရပြီး ၄ ဦးကို ဆေးရုံတင်ပို့ထားရတယ်လို့ ရဲနဲ့ မီဒီယာက ပြောပါတယ်။
လူစည်ကားတဲ့ ဟေးမားကက်ခရိုင်မှာ ပေါက်ကွဲခဲ့တာပါ။ မတော်တဆမှုနဲ့ပတ်သက်ပြီး သံသယဖြစ်စရာ အခြေအနေတွေ မရှိဘူးလို့ ယူဆကြောင်း နယူးဆောက်သ်ဝေး မီးသတ်နဲ့ ကယ်ဆယ်ရေးတွေက ပြောပါတယ်။
အနားက အဆောက်အဦတွေမှာ တည်ဆောက်ပုံဆိုင်ရာ အပျက်အစီး ရှိ မရှိ စုံစမ်း စစ်ဆေးနေပါတယ်။
6 years Ago