ဆစ်ဒနီမြို့တွင် ရထားတစီး အရံအတားတခုကို ဝင်တိုက်၊ ၁၅ ဦး ဒဏ်ရာရ

January 22, 2018

ဆစ်ဒနီမြို့တွင် ရထားတစီး အရံအတားတခုကို ဝင်တိုက်၊ ၁၅ ဦး ဒဏ်ရာရ

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ အနောက်မြောက်ပိုင်းမှာ ဇန်နဝါရီ ၂၂ ရက်နေ့က ရထားတစီးဟာ အရံအတားတခုကို မတော်တဆ တိုက်မိခဲ့လို့ အနည်းဆုံး လူ ၁၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီရထားဟာ ဆစ်ဒနီမြို့ အနောက်မြောက်ပိုင်း မိုင် ၄၀ အကွာက ရစ်ခ်ျမွန်ဘူတာမှာ မရပ်ဘဲနဲ့ ရထားလမ်းအဆုံးက အကာအရံလုပ်ထားတဲ့ နေရာကို ဝင်တိုက်ခဲ့တာပါ။ ဒဏ်ရာရသူ ၅ ဦးကို ဆေးရုံတင်ဖို့ လုပ်နေပြီး ၁၀ ဦးကတော့ ဒဏ်ရာနည်းနည်းပဲ ရရှိခဲ့တယ်လို့ အရေးပေါ်လူနာတင်ကားဌာနရဲ့ ပြောခွင့်ရှိသူတဦးက ဆိုပါတယ်။ ဒေသစံတော်ချိန် မနက် ၁၀ နာရီလောက်မှာ အခုလို မတော်တဆ ဖြစ်ခဲ့တာပါ။ ရထားလမ်းအဆုံးက အကာအရံကို ရထားတိုက်မိချိန်မှာ လူတွေဟာ စူပါမန်းတွေလို လွင့်ထွက်ကုန်တယ်လို့ မျက်မြင်တဦးက ပြောပါတယ်။
4 years Ago
Up