ဆစ်ဒနီမြို့တွင် မိုးကြီးပြီး လမ်းများပေါ် ရေလွှမ်း

February 8, 2017

ဆစ်ဒနီမြို့တွင် မိုးကြီးပြီး လမ်းများပေါ် ရေလွှမ်း (ရုပ်သံ)

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ မိုးကြီးလို့ လမ်းတွေပေါ် ရေလျှံပြီး ရုတ်တရက် ရေလွှမ်းမိုးခဲ့ပါတယ်။ ၁ နာရီခွဲအတွင်း မာရစ်ဗယ်လ်လီဒေသ မြို့စွန်မှာ မိုးရေချိန် ၂ လက်မထိ ရွာခဲ့တယ်လို့ အေဘီစီရုပ်သံက မိုးလေဝသဗျူရိုကို ကိုးကားပြီး အစီရင်ခံပါတယ်။ ရေကြီးနေတဲ့ လမ်းတွေပေါ်မှာ ကားတွေမောင်းနေပုံကို လူတွေက လူမှုကွန်ရက်ပေါ်မှာ မျှဝေခဲ့ကြပါတယ်။ လမ်းအောက်ရေမြောင်းကနေ ရေတွေ ပန်းထွက်နေပုံကိုပါ ရိုက်ကူးပြသထားတာပါ။ ရေကြီးလို့ မြို့တွင်း အဓိကလမ်းတွေမှာ ယာဉ်ကြော နှောင့်နှေးခဲ့ပြီး လေဆိပ်မှာပါ လေကြောင်းခရီးစဉ်တွေ နှောင့်နှေးခဲ့တယ်လို့ အေဘီစီက ပြောပါတယ်။ မိုးကြိုးမုန်တိုင်း သတိပေးချက်ကိုတော့ မိုးလေဝသဗျူရိုက ဖျက်သိမ်းခဲ့ပြီး ရုတ်တရက် ခြိမ်းခြောက်မှုအခြေအနေက ပြီးသွားပြီလို့ အေဘီစီသတင်းဌာနက ဆိုပါတယ်။
4 years Ago
Up