ဆင်၊ မြင်းများဖြင့် လှည့်လည်အင်အားပြ

October 23, 2020

မင်းလှတွင် အန်အယ်လ်ဒီ ထောက်ခံဝန်းရံသူများ ဆင်၊ မြင်းများဖြင့် လှည့်လည်အင်အားပြ

ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာ အောက်တိုဘာ ၂၃ ရက် မနက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီပါတီကို  ဝန်းရံထောက်ခံသူတွေဟာ ဆင်း၊ မြင်း အကောင် ၃၀ လောက်နဲ့ အင်အားပြလှည့်လည်ခဲ့ကြပါတယ်။ မင်းလှမြို့ပေါ်နဲ့ ရပ်ကွက်အချို့ကို ဆင် ၁ ကောင်၊ မြင်းအကောင် ၃၀ လောက်နဲ့ လူဦးရေထောင်ချီပြီး ခြေလျင် အင်အားပြလှည့်လည်ခဲ့တာလို့ လှည်လည့်ရာမှာ လိုက်ပါသူ ကိုမင်းမောင်က ပြောပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ မင်းလှမြို့နယ်မှအတွင်း ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စတဲ့ပါတီ ၄ ခု ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ မင်းလှမြို့နယ်မှာ အန်အယ်လ်ဒီပါတီ၊ ကြံ့ခိုင်ရေးပါတီနဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီတို့က လှည့်လည်အင်အားပြခဲ့ပြီးဖြစ်ပေမဲ့ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီကတော့ လှည့်လည် အင်အားပြတာ မရှိသေးဘူးလို့ သိရပါတယ်။ သက်နိုင်ဝင်း (CJ)
2 years Ago
Up