ဆင်းရဲသား

May 18, 2020

အင်ဒိုနီးရှားတက္ကသိုလ်ကျောင်းသားများ ဆင်းရဲသားများကို အစားအစာဝေငှ

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော်နားက တက္ကသိုလ်ကျောင်းသားတွေဟာ ဆိုင်ကယ်တွေ စီးပြီး မရှိဆင်းရဲသားတွေအတွက် အစားအစာတွေကို တပတ်ကိုလေးကြိမ် လိုက်ဝေငှပေးနေ ပါတယ် ။  သူတို့အဖွဲ့မှာ စေတနာ့ဝန်ထမ်း ၁၅ ယောက်ပါဝင်ပြီး အလှူအတွက်ရန်ပုံငွေတွေကို လူမှု ကွန်ရက်တွေကတဆင့် စုဆောင်းကြပြီး တနေ့တနေ့ရတဲ့ အလှူငွေကတော့ မတူပါဘူး။  ပုံမှန်အားဖြင့်တော့  တနေ့ကို အင်ဒိုငွေ ရူပီးယား ၁ သိန်းခွဲ ( ၁၀ ဒေါ်လာ) လောက်တော့ ရတတ်ပါတယ်။  အလှူငွေ ရူပီးယား ငါးသိန်း (ဒေါ်လာ ၃၃ ဒဿမ ၃၃ ) လောက်ရတဲ့နေ့တွေဆို သူတို့ဟာ ထမင်းဘူး ၅၀ လောက်အထိ ပြန်လှူနိုင်ပါတယ်။ သူတို့ အများဆုံး ထောက်ပံ့ပေးတဲ့ သူတွေကတော့ ဆိုက်ကားဆရာတွေ၊ ကုန်ထမ်းသမား တွေစသဖြင့် ကပ်ဘေးကြောင့် စားဝတ်နေရေးထိခိုက်ရသူတွေ ဖြစ်ပါတယ်။  ဒီတက္ကသိုလ်ကျောင်းသား အုပ်စုဟာ မတ်လ လယ်ပိုင်းကစလို့ မရှိဆင်းရဲသားတွေကို ထမင်းဘူးပေါင်း ၆၆၀  ကျော်ဝေငှပေးပြီးဖြစ်တယ်လို့ ရိုက်တာသတင်းက မေလ ၁၈ ရက်မှာ ဖော်ပြပါတယ်။
11 months Ago
Up