ဆင်းရဲသည့်နိုင်ငံ

April 6, 2022

ဆင်းရဲသည့်နိုင်ငံများတွင် လေထုညစ်ညမ်းမှုအများဆုံးဖြစ်နေဟု WHO ပြော

ကမ္ဘာ့လူဦးရေ ၉၉ ရာခိုင်နှုန်းဟာ  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က သတ်မှတ်ထားတဲ့ လေထုအရည်အသွေး ကန့်သတ်ချက်ထက်ပိုတဲ့ လေကိုရှူနေရပြီး ဝင်ငွေနိမ့်နဲ့ ဝင်ငွေအလယ်အလတ်ရှိတဲ့ နိုင်ငံတွေဟာ လေထုညစ်ညမ်းမှုအများဆုံးနိုင်ငံတွေ ဖြစ်တယ်ဆိုတဲ့ ကုလသမဂ္ဂအေဂျင်စီက ဧပြီ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။

ရုပ်ကြွင်းလောင်စာတွေကနေ ထွက်လာတဲ့အမှုန်တွေနဲ့ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေလို လေထုညစ်ညမ်းစေတဲ့ အရာတွေဟာ အသက်ရှူလမ်းကြောင်းနဲ့ နှလုံးဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပြီး ၂၀၁၀ မှ ၂၀၁၉ ကြားကာလမှာ ကမ္ဘာ့နိုင်ငံပေါင်း ၁၁၇ နိုင်ငံက မြို့ပေါင်း ၆၀၀၀ ကျော်ကို ဖုံးလွှမ်းထားတယ်လို့ WHO ရဲ့ အစီရင်ခံစာက ဆိုပါတယ်။

လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ် လူ ၇ သန်းထက်မနည်းဟာ အချိန်မတန်သေးဘဲ သေဆုံးနေရတယ်လို့ ဆိုပါတယ်။ လေထုညစ်ညမ်းမှု အနိမ့်ဆုံးအဆင့်ကို ဥရောပမှာ တွေ့ရတယ်လို့လည်း  WHO က ပြောထားပါတယ်။

8 months Ago

January 23, 2021

ဆင်းရဲသည့်နိုင်ငံများအတွက် ကာကွယ်ဆေးလုံးရေ သန်း ၄၀ ဖိုင်ဇာနှင့်သဘောတူပြီဟု WHO ပြော

ဆင်းရဲတဲ့နိုင်ငံတွေမှာ ကိုဗစ်ကာကွယ်ဆေးထိုးပေးဖို့  ဖိုင်ဇာကုမ္ပဏီနဲ့ ကာကွယ်ဆေးလုံးရေ သန်း ၄၀ သဘောတူညီချက် ရရှိပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က  ဇန်နဝါရီ ၂၂ ရက်မှာ ပြောပါတယ်။  ဒီအတွက် WHO ရဲ့  ကိုဗက်စ်  အစီအစဉ်နဲ့ ရှေ့လထဲ  ဝင်ငွေနည်းနဲ့ အလယ်လတ်နိုင်ငံ တွေမှာ ကာကွယ်ဆေး စတင်ထိုးပေးနိုင်တော့မှာပါ။  အဲဒီနိုင်ငံတွေက သန်းပေါင်းရာချီတဲ့ လူတွေကို ကာကွယ်ဆေးထိုးပေးဖို့  ကိုဗက်စ်ဟာ သဘောတူညီချက်တွေ လက်မှတ်ထိုးထားပေမဲ့ ကာကွယ်ဆေးထိုးနိုင်ခြင်း မရှိသေးပါဘူး။ ဖိုင်ဇာကာကွယ်ဆေးကပဲ WHO ရဲ့ အရေးပေါ် အသုံးပြုခွင့် ထောက်ခံချက်ကို ရထားပါတယ်။  ဇန်နဝါရီ ၂၂ ရက်မှာပဲ ဖိုင်ဇာကုမ္ပဏီ စီအီးအို အဲဘတ်ဘာလာက "ကိုဗစ်ကာကွယ်ဆေး အလုံးရေ သန်း ၄၀ ကို  အကျိုးအမြတ်မယူဘဲ ရောင်းချသွားမယ်" လို့ ကြေညာခဲ့ပါတယ်။ "အနာဂတ်မှာလည်း ကိုဗက်စ်အစီအစဉ်ကနေ ကာကွယ်ဆေးတွေ ထပ်ရောင်းချသွား နိုင်တယ်" လို့ အဲဘတ်ဘာလက ပြောဆိုခဲ့ပါတယ်။ 
2 years Ago
More News
Up