ဆင်ရိုင်း ၆ ကောင်

October 6, 2019

ထိုင်းနိုင်ငံ ရေတံခွန်တခုတွင် ဆင်ရိုင်း ၆ ကောင် ပြုတ်ကျသေဆုံး (ရုပ်သံ)

ထိုင်းနိုင်ငံ ခေါင့်ယိုင် အမျိုးသားဥယျာဉ်အတွင်း ရေတံခွန်တခုထဲကို အောက်တိုဘာ ၅ ရက်က ဆင်ရိုင်း ၆ ကောင် ပြုတ်ကျ သေဆုံးခဲ့ပါတယ်။ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း၊ နခွန်နရုတ်ခရိုင်၊ ဟွေ့နရုတ် ရေတံခွန်ပေါ်က ပြုတ်ကျတဲ့ ဆင်တွေထဲမှာ ၂ ကောင်ကတော့ အသက်ရှင်တယ်လို့ အရာရှိတွေက ပြောပါတယ်။ သေဆုံးတဲ့ ဆင်တွေထဲမှာ အသက် ၃ နှစ်သား ဆင်လေးတကောင်လည်း ပါတယ်လို့ ဥယျာဉ် အကြီးအကဲ ကန်ချစ်စရီနော့ပါဝမ်က ပြောပါတယ်။ ဆင်တွေ ပြုတ်ကျအပြီး ရေတံခွန်ကို ပိတ်ထားပါတယ်။ ဥယျာဉ်ထဲမှာ တောဆင်ရိုင်း အကောင် ၃၀၀ လောက် ရှိပါတယ်။ အမျိုးသားဥယျာဉ်ဟာ သစ်တောနဲ့ မြက်တောမြေ ၇၇၂ စတုရန်းမိုင် ကျယ်ပါတယ်။ ခေါင့်ယိုင် အမျိုးသားဥယျာဉ်မှာ သားရိုင်းတိရစ္ဆာန်မျိုးစုံ ကျက်စားလို့ ကမ္ဘာလှည့်ခရီးသည်တွေကြားမှာ လည်ပတ်စရာနေရာအဖြစ် လူကြိုက်များပါတယ်။
2 years Ago
Up