ဆင်ရိုင်း

August 2, 2019

လှည်းကူးတွင် ဆင်ရိုင်းနှစ်ကောင် ရောက်နေ၊ ဆင်မုဆိုးများ၏ ပစ်သတ်ခြင်း မခံရရန် စောင့်ရှောက်ပေး

ရန်ကုန်တိုင်း လှည်းကူးမြို့နယ်မှာ တောဆင်ရိုင်း ၂ ကောင် ရောက်ရှိနေပြီး ဆင်မုဆိုးတွေရဲ့ ပစ်သတ်မခံရအောင် စောင့်ရှောက်ပေးနေတယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။ သြဂုတ်လ ၁ ရက်နေ့ မနက် ၇ နာရီလောက်က လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန် လမ်းမကြီး မိုင်တိုင်အမှတ် (၁၃/၃) ရဲ့ အနောက်ဘက်ကိုက် ၃၀၀ ခန့်အကွာရှိ ကိုင်းတောမှာ တောဆင်ရိုင်း ၂ ကောင် ရောက်ရှိနေတာကြောင့် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့နဲ့ သစ်တောဦးစီးဌာန တာဝန်ရှိသူတွေက တောအတွင်း ပြန်လည်ဝင်ရောက်ရေး ခြောက်လှန့် မောင်းထုတ်ခဲ့ပေမယ့် ထွက်ခွာခြင်းမရှိဘဲ ကိုင်းတောအတွင်းသာ ကျက်စားနေတယ်လို့ ဆိုပါတယ်။ အဆိုပါ တောဆင်ရိုင်း ၂ ကောင်အား သြဂုတ် ၂ ရက်နေ့က ကွန်ဂျီဆင်တွေနဲ့ ပြန်လည် မောင်းထုတ်ဖို့ စီစဉ်ထားပြီး တောဆင်ရိုင်း ၂ ကောင် ရောက်ရှိနေမှုအား ပတ်ဝန်းကျင် ကျေးရွာတွေ သိရှိနိုင်ရေး လှည်းကူးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံ တင်ပြထားပါတယ်။  ဒါ့အပြင် အမြန်လမ်းနဲ့ နီးလို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့(လှည်းကူး) ကို အကြောင်းကြားထားပြီး ဆင်မုဆိုးတွေရဲ့ ပစ်ခတ်သတ်ဖြတ်မှု မခံရရေး ပူးပေါင်းစောင့်ရှောက်ပေးနေတယ်လို့ သိရပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version လွည္းကူးတြင္ ဆင္႐ိုင္းႏွစ္ေကာင္ ေရာက္ေန၊ ဆင္မုဆိုးမ်ား၏ ပစ္သတ္ျခင္း မခံရရန္ ေစာင့္ေရွာက္ေပး DVB ရန္ကုန္တိုင္း လွည္းကူးၿမိဳ႕နယ္မွာ ေတာဆင္႐ိုင္း ၂ ေကာင္ ေရာက္ရွိေနၿပီး ဆင္မုဆိုးေတြရဲ႕ ပစ္သတ္မခံရေအာင္ ေစာင့္ေရွာက္ေပးေနတယ္လို႔ ျပည္ထဲေရးသတင္းမွာ ေဖာ္ျပပါတယ္။ ၾသဂုတ္လ ၁ ရက္ေန႔ မနက္ ၇ နာရီေလာက္က လွည္းကူးၿမိဳ႕နယ္၊ ရန္ကုန္-မႏၲေလး အျမန္ လမ္းမႀကီး မိုင္တိုင္အမွတ္ (၁၃/၃) ရဲ႕ အေနာက္ဘက္ကိုက္ ၃၀၀ ခန႔္အကြာရွိ ကိုင္းေတာမွာ ေတာဆင္႐ိုင္း ၂ ေကာင္ ေရာက္ရွိေနတာေၾကာင့္ သစ္ေတာလုံၿခဳံေရးရဲတပ္ဖြဲ႕နဲ႔ သစ္ေတာဦးစီးဌာန တာဝန္ရွိသူေတြက ေတာအတြင္း ျပန္လည္ဝင္ေရာက္ေရး ေျခာက္လွန႔္ ေမာင္းထုတ္ခဲ့ေပမယ့္ ထြက္ခြာျခင္းမရွိဘဲ ကိုင္းေတာအတြင္းသာ က်က္စားေနတယ္လို႔ ဆိုပါတယ္။ အဆိုပါ ေတာဆင္႐ိုင္း ၂ ေကာင္အား ၾသဂုတ္ ၂ ရက္ေန႔က ကြန္ဂ်ီဆင္ေတြနဲ႔ ျပန္လည္ ေမာင္းထုတ္ဖို႔ စီစဥ္ထားၿပီး ေတာဆင္႐ိုင္း ၂ ေကာင္ ေရာက္ရွိေနမႈအား ပတ္ဝန္းက်င္ ေက်း႐ြာေတြ သိရွိႏိုင္ေရး လွည္းကူးၿမိဳ႕နယ္၊ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနထံ တင္ျပထားပါတယ္။ ဒါ့အျပင္ အျမန္လမ္းနဲ႔ နီးလို႔ အျမန္လမ္းမႀကီးရဲတပ္ဖြဲ႕(လွည္းကူး) ကို အေၾကာင္းၾကားထားၿပီး ဆင္မုဆိုးေတြရဲ႕ ပစ္ခတ္သတ္ျဖတ္မႈ မခံရေရး ပူးေပါင္းေစာင့္ေရွာက္ေပးေနတယ္လို႔ သိရပါတယ္။
2 years Ago
Up