ဆင်များ အစာအခက်အခဲ

A d v e r t i s e m e n t With Us

December 23, 2020

ကိုဗစ်ကာလ ဝါးနက်ဆင်စခန်းက ဆင်များ အစာအခက်အခဲကြုံနေ (ဓာတ်ပုံ)

ဝါးနက်ဆင်စခန်းဟာ မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် ကျွဲနဖား ကြိုးဝိုင်းအတွင်းရှိ အပန်းဖြေဆင်စခန်းတခု ဖြစ်ပါတယ်။ အဆိုပါ ဆင်စခန်းမှာ ဆင်ကောင်ရေ ၆ ကောင် ရှိပြီး အငယ်ဆုံး ၇ နှစ်ကနေ အကြီးဆုံး‌ ၁၃ နှစ်အထိ ရှိပါတယ်။ ကိုဗစ်ကာလမတိုင်ခင် လာရောက်လည်ပတ်သူတွေ ကျွေးမွေးတဲ့အတွက် အစာအခက်အခဲမရှိပေမဲ့ အခုအချိန်မှာ အစာအခက်အခဲကြောင့် ဆင်တွေဟာ သဘာဝအတိုင်း ကျွဲနဖား သစ်တောကြိုးဝိုင်းအတွင်းမှာ စားသောက် နေထိုင်နေရပါတယ်။ အချို့ရက်တွေမှာ အလှူရှင်တွေက ဝါးနက် ဆင်စခန်းမှာ ဆင်စာ (ဘူဖေး)  လာရောက်လှူဒါန်းကြတယ်လို့ သိရပါတယ်။ Photo - Kaung Zaw Hein / MPA
3 months Ago
Up