ဆင်နင်း

January 11, 2020

ကျောက်တံခါးမြို့နယ်တွင် ဆင်နင်း၍ ဆင်ဦးစီး ၂ ဦး သေဆုံး

ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်က ကြာအင်းကုန်းကျေးရွာအုပ်စု ဝန်ချောင်းမှာ ဇန်နဝါရီ ၁၀ ရက်က ဆင်တွေကို ရေချနေချိန် စိတ်ရိုင်းဝင်ခဲ့တဲ့ ဆင်က ဆင်ဦးစီး ၂ ယောက်ကို နင်းသတ်ခဲ့တယ်လို့  အောင်မြင်(ခ)တောကျွဲအင်းနယ်မြေရဲစခန်း တာဝန်ရှိသူက ပြောပါတယ်။ “သေဆုံးသွားသူတွေကို အောင်မြင်ဆေးရုံကို ပို့ထားတယ်။ သေမှုသေခင်းဖွင့်ပြီး စစ်ဆေးနေပါတယ်” လို့ အောင်မြင်နယ်မြေရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူက ပြောပါတယ်။ ကြာအင်ကုန်းကျေးရွာအုပ်အုပ်စုနေ ဆင်ဦးစီးတွေဖြစ်တဲ့ အသက် ၄၅ နှစ်ရှိ  ဦးဝင်းလှိုင်နဲ့ အသက် ၄၂ နှစ်ရှိ ဦးကျော်လင်းတို့ဟာ သူတို့ရဲ့ဆင်တွေကို ရေချနေချိန် "စောရွှေတိုး"လို့ခေါ်တဲ့ ဆင်ဟာ  စိတ်ရိုင်းဝင်ပြီး နင်းသတ်ခဲ့တာ ဖြစ်ပါတယ်။ ကျော်အောင်(ကညွှတ်ကွင်း)
2 years Ago
Up