ဆင်တပ်ကျေးရွာ အုပ်ချုပ်ရေးမှူး

August 4, 2021

စစ်ကိုင်းမြို့နယ်၌ ကျေးရွာအုပ်ချုပ်ရေးမှူး ၁ ဦး ဓားခုတ်ခံရပြီး သေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆင်တပ်ကျေးရွာမှာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်သောင်းဟာ ဩဂုတ်  ၃ ရက်နေ့က ဓားခုတ်ခံရပြီး သေဆုံးသွားပါတယ်။ 

မနေ့ မွန်းလွဲ  ၂ နာရီလောက်က  စစ်ကိုင်းကနေ ဆိုင်ကယ်နဲ့ ပြန်လာတဲ့  ဆင်တပ်ရွာအုပ်ချုပ်ရေးမှူးကို အမည်မသိလူတွေက လမ်းမှာ ဓားနဲ့ ခုတ်သတ်ခဲ့တာလို့  စစ်ကိုင်းဒေသခံတစ်ဦးက ပြောပါတယ်။ 

“သူက စစ်ကိုင်းထွေအုပ်ရုံးကိုလာ စာထုတ်ပြီးအပြန် ဗြဲတရော်ရွာ ကံတလူဘုရားလမ်း သံလမ်းကူးအနားမှာ အမည်မသိ လူနှစ်ယောက်က အုပ်ချုပ်ရေးမှူး ဦးအောင်သောင်းနဲ့ ဦးမောင်ညွန့်တို့စီး လာတဲ့ဆိုင်ကယ်ကို ကန်လှဲပြီး နောက်ထပ် လူလေးယောက်က ဓားနဲ့ဝင်ထိုးခဲ့လို့ ဦးအောင်သောင်း အဲဒီနေရာမှာ ပွဲချင်းပြီးသေဆုံးသွားတယ်၊ ဦးမောင်ညွန့်ကတော့ လွတ်သွားတယ်။”

သေဆုံးသူ ဦးအောင်သောင်းက အသက် ၇၁ နှစ်အရွယ်ရှိပြီလို့သိရပါတယ်။ စစ်ကိုင်းတိုင်းက မြို့နယ်တချို့မှာ  အခုရက်ပိုင်း ကျေးရွာအုပ်ချုပ်ရေးမှူးတွေ  အများအပြား နုတ်ထွက်နေကြသလို စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေလည်း မကြာခဏ အသတ်ခံနေကြရပါတယ်။

4 months Ago
Up