ဆင်းသက်ခဲ့ရ

January 19, 2018

မလေးရှား လေယာဉ်တစီး စက်ချို့ယွင်းမှုကြောင့် အရေးပေါ် ဆင်းသက်ခဲ့ရ

မလေးရှားလေကြောင်းလိုင်း(အမ်အေအက်စ်)လေယာဉ်တစီးဟာ ဇန်န၀ါရီလ ၁၈ ရက် နေ့ က သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ကနေ မလေးရှားနိုင်ငံမြို့တော် ကွာလာလမ်ပူကို ပျံသန်း ချိန်မှာ နည်းပညာ အခက်အခဲကြောင့်အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။ အမ်အိပ်ခ်ျ-၁၂၂ လေယာဉ်ပေါ်ဟာ ပျံသန်းလာချိန်မှာ အင်ဂျင်တလုံး စက်ချို့ယွင်းခဲ့တဲ့ အတွက် လမ်းကြောင်းပြောင်းပြီး သြစတေးလျနိုင်ငံမြောက်ပိုင်း အဲလစ်စပရင်းစ်ဒေသတွင်းမှာ  ဆင်းသက်ခဲ့ရတာပါ။ လေယာဉ်ပေါ်မှာတော့ ခရီးသည် ၂၂၄ ဦး လိုက်ပါလာပြီး အားလုံး ဘေးကင်းခဲ့ကာ နောက်တရက်မှာမှ အဲလစ်စပရင်းစ်ကနေ ကွာလာလမ်ပူမြို့တော်ဆီ အမ်အိပ်ခ်ျ-၁၄ လေ ကြောင်းလိုင်းနဲ့ လွှဲပြောင်းပို့ဆောင် ပေးခဲ့ပါတယ်။ ဒီကနေ့မှာတော့ အဆင်မပြေဖြစ်ခဲ့ရမှုအပေါ် ခရီးသည်တွေကို လေကြောင်းလိုင်းက တောင်းပန်လိုက်ပါတယ်။ “အဆင်မပြေဖြစ်ခဲ့ရမှုအတွက် ခရီးသည်တွေကို ကျနော်တို့ လေကြောင်းလိုင်းမိသားစု က အနူးအညွတ်တောင်းပန်ပါတယ်။ သတင်းအစီရင်ခံချက်တွေအရတော့ လေယာဉ်ရဲ့ ဘယ် ဘက်ခြမ်းအင်ဂျင်ဘက်က ကျယ်လောင်တဲ့ အသံစကြားခဲ့တာလို့ ပြောပါတယ်”လို့ မလေးရှား လေကြောင်းလိုင်းအုပ်စုမှ အမှုဆောင်အရာရှိချုပ် အစ်ဇ်ဟမ်အစ္စမေးလ်က ပြောပါတယ်။
4 years Ago

September 9, 2017

ဝန်ကြီးချုပ် ဦးညီပု လိုက်ပါလာသည့် ရိက္ခာပို့ရဟတ်ယာဉ် အရေးပေါ်ဆင်းသက်ခဲ့ရ

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပု ဦးဆောင်လိုက်ပါလာတဲ့ နေရပ်စွန့်ခွာ တိမ်းရှောင် သူများအတွက် စုရပ်တွေကို ရိက္ခာပို့ဆောင်ပေးနေတဲ့ တပ်မတော်ရဟတ်ယာဉ်ဟာ စက်တင်ဘာ ၈ ရက်နေ့မနက်ပိုင်းက ရာသီဥတုအခြေနေကြောင့် အရေးပေါ်ဆင်းသက်ခဲ့ရတယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။ စက်တင်ဘာ ၈ ရက် မနက် ၁၁ နာရီခွဲက စစ်တွေမြို့မှ မောင်တောဒေသ တပ်ချောင်းကျေးရွာကို စားနပ်ရိက္ခာပို့ဆောင်ဖို့ ထွက်ခွာပျံသန်းလာစဉ် ရာသီဥတုအခြေအနေကြောင့် ကျီးကန်းပြင်မှာ အရေးပေါ်ဆင်းသက်ခဲ့ရပေမယ့် စားနပ်ရိက္ခာတွေကို ဆက်လက် ပို့ဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဝန်ကြီးချုပ်နဲ့အဖွဲ့ဟာ နေရပ်စွန့်ခွာ ဒေသခံ မြိုနဲ့ ဒိုင်းနက် တိုင်းရင်းသားတွေ အများစုနေထိုင်တဲ့ တပ်ချောင်းကျေးရွာနဲ့ မြို၊ ရခိုင်တိုင်းရင်းသားတွေ အများစု နေထိုင်တဲ့ သုပဏ္ဍကကျေးရွာတို့မှာ စားနပ်ရိက္ခာ ပို့ဆောင်ကူညီ ထောက်ပံ့ပေးခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ စုရပ်တွေကို ဆန်၊ ဆီ၊ ပဲ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ အာလူး၊ ကျန်းမာရေး အထောက်အကူပြု ဆေးပစ္စည်းတွေ၊ အဝတ်အထည်နဲ့ ဖိနပ်တို့လည်း ကူညီထောက်ပံ့ ပေးခဲ့တယ်လို့ ဆိုပါတယ်။ ARSA အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်လာကြသော စုရပ် နေရာတွေကို ရခိုင် ပြည်နယ်ဝန်ကြီးချုပ်နဲ့အဖွဲ့ဟာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် ပူးပေါင်းကာ စားနပ်ရိက္ခာတွေကို နေ့စဉ် တပ်မတော်ရဟတ်ယာဉ်နဲ့ ပို့ဆောင်ပေးနေပါတယ်။ ဒါ့အပြင် ကားလမ်းတွေကို သက်ဆိုင်ရာဝန်ကြီးဌာနတွေက ပြုပြင်မွမ်းမံနေပြီး လမ်းတွေ ချောမွေ့သွားပါက စားနပ်ရိက္ခာတွေ ထပ်မံပို့ဆောင်ပေး သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖြော်ပထားပါတယ်။
4 years Ago
Up