ဆင်ပေါက်လေးအား

December 31, 2017

ဆင်ပေါက်လေးအား ကယ်တင် ထမ်းပိုးသည့် သစ်တောစောင့်ကို ၀ိုင်းဝန်းချီးကျူး

အိန္ဒိယတောင်ပိုင်းမှာ သစ်တောစောင့်တယောက်က ဆင်မကြီးနဲ့ကွဲပြီး ရေမြောင်းထဲ ပြုတ်ကျနေတဲ့ ဆင်ပေါက်လေးကို ကယ်တင်ခဲ့လို့ သတင်းခေါင်းကြီးပိုင်းမှာ ပါလာပါတယ်။ ပလန်နစ်ချမီဆာရက်သ်ကူမား အသက် ၂၈ နှစ်က တမီးလ်နာဒူပြည်နယ်မှာ ဆင်ပေါက်လေးကို ကယ်တင်ခဲ့တဲ့သတင်း ထွက်လာပြီး သူ့ကိုထောက်ခံအားပေးတဲ့ စာတွေ အများကြီး လက်ခံရရှိတယ်လို့ သိရပါတယ်။ သူ့ကိုယ်အလေးချိန်ထက်လေးတဲ့ ဆင်ပေါက်လေးကို သူ ဘယ်လိုသယ်ဆောင်ခဲ့လဲလို့ လူတွေက သိချင်နေကြတာပါ။ “အရမ်းလေးတယ်၊ အဲဒီအချိန်မှာတော့ ကျနော် မ လိုက်တာပဲ” လို့ သူက ဆာရက်သ်ကူမားက ပြောပါတယ်။ ဆင်ပေါက်လေးနဲ့ ဆင်မကြီးကတော့ နောက်ပိုင်းမှာ ပြန်တွေ့သွားကြတယ်လို့ သိရပါတယ်။ “ဒေသခံတီဗွီချန်နယ်နဲ့ လူမှုကွန်ရက်မှာ ကျနော် ဆင်လေးကို မထားတဲ့ ရုပ်သံ ပြပြီးတော့ လူတော်တော်များများက ကျနော့်ကို ဖုန်းခေါ်ပြီး ဂုဏ်ယူကြောင်း ပြောကြတယ်” လို့ ဘီဘီစီကို ပြောပါတယ်။ ရွာသားတွေက သူ့ကို ဆင်ပေါက်လေး ဘယ်လိုသယ်လဲ မေးမြန်းချိန် သူက  အစပိုင်းမှာ ဆင်ပေါက်လေးကို သယ်ဖို့ ခန္ဓာကိုယ် ဟန်ချက်ပျက်သွားမှာ ကြောက်တယ်။ ဒါပေမယ့် သူ့သူငယ်ချင်းတွေက ဝင်လာပြီး ဆင်ပေါက်လေးကို သယ်ဖို့နည်းနည်း ထိန်းပေးတယ်လို့ ရှင်းပြပါတယ်။ ကယ်ဆယ်ရေး လုပ်ငန်းကို မစ္စတာဆာရက်သ် ညတာဝန်ကျချိန် အိမ်အပြန်မှာ ဖုန်းဆက်ခဲ့လို့ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ကယ်ဆယ်ခဲ့တယ်လို့ သိရပါတယ်။
3 years Ago
Up