ဆင်လိုက်သည့်အတွက် ထွက်ပြေးရသည့် ဓာတ်ပုံဆရာအုပ်စု

A d v e r t i s e m e n t With Us

April 26, 2016

ဆင်လိုက်သည့်အတွက် ထွက်ပြေးရသည့် ဓာတ်ပုံဆရာအုပ်စု (ရုပ်သံ)

ထိုင်းနိုင်ငံ ယာလမှာ ဓာတ်ပုံရိုက်နေတဲ့ ဓာတ်ပုံဆရာအုပ်စုဟာ ဆင်လိုက်တဲ့အတွက် ထွက်ပြေးခဲ့ရပါတယ်။ ဧပြီ ၂၆ ရက်က ယာလာသန်တိုခရိုင် ကာတန်ရွာမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လူ ၆ ဦးက မော်တော်ဆိုင်ကယ် ၃ စီးနဲ့ ကားလမ်းပေါ်မှာ မောင်းနှင်နေစဉ် ဆင်က တောအုပ်ထဲကနေ ထွက်လာကာ နောက်ကနေ လိုက်လာတာဖြစ်ပြီး အနည်းငယ် ပြေးလိုက်လာပြီးတဲ့နောက်မှာတော့ ဆင်က ပြန်လှည့်သွားပါတယ်။ ဆင်ရိုင်းအုပ်စုက တောထဲကနေထွက်လာပြီး ဟင်းရွက်စိုက်ခင်းတွေကို ဖျက်ဆီးတယ်ဆိုတဲ့ သတင်းကို အစောပိုင်းက ဒီအုပ်စု ကြားထားပြီး ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကို ဆိုင်ကယ်ပေါ် ပါလာတဲ့သူတဦးက ကင်မရာနဲ့ ရိုက်ယူ မှတ်တမ်းတင်ခဲ့ပါတယ်။
5 years Ago
Up