ဆင်နတ်ဘုရားအဖြစ် နာမည်ကြီးနေသည့် နှာမောင်းသဖွယ် နှာခေါင်းကြီးနှင့် အံ့ဖွယ်ကလေးငယ်

June 14, 2017

ဆင်နတ်ဘုရားအဖြစ် နာမည်ကြီးနေသည့် နှာမောင်းသဖွယ် နှာခေါင်းကြီးနှင့် အံ့ဖွယ်ကလေးငယ် (ရုပ်သံ)

အိန္ဒိယနိုင်ငံမှ အသက် ၉ နှစ်အရွယ် မိဘမဲ့ကလေးငယ်တဦးဟာ ဆင်နှာမောင်းသဖွယ် နှာခေါင်းကြီးနဲ့ လမ်းမတွေပေါ် လျှောက်သွားနေခဲ့ပြီးနောက်မှာတော့ ဟိန္ဒူရိုးရာ ဆင်နတ်ဖုရားအဖြစ် နာမည်ကြီးနေပါတယ်။ သူဟာ အသက်  ၉ နှစ်အရွယ်သာရှိသေးပြီး လက်ရှိမှာတော့ သူ့ကို ဂနေ့ရှ်အမည်နဲ့ မဟာပိန္နဲ ဆင်နတ်ဖုရားလို့ အမည်ခေါ်တွင်နေကြတာပါ။ သူ့ကို ဒေသတွင်း ရဲအရာရှိတဦးက အိန္ဒိယနိုင်ငံမြောက်ပိုင်း ကျေးရွာတရွာမှာ တွေ့ခဲ့တာဖြစ်တယ်လို့ မေရာသတင်းမှာ ဇွန်လ ၁၂ ရက်နေ့က ဖော်ပြပါတယ်။ အဲဒီနောက်တော့ သူ့ကို မိဘမဲ့ကလေးငယ်တွေ ထိန်းသိမ်းစောင့်ရှောက်ရေး ဂေဟာတခုဆီ ပို့ဆောင်ခဲ့တာပါ။ သူ့ကိုတွေ့ချိန်မှာ ငိုကြွေးနေခဲ့တာဖြစ်ပြီး ကြီးမားလွန်းတဲ့ နှာမောင်းသဖွယ် နှာခေါင်းကြီးကြောင့် စကားကောင်းကောင်း မပြောနိုင်ခဲ့ပါဘူး။ ဒေသတွင်း လူမှုကူညီရေးအဖွဲ့တဖွြဲ့ဖစ်တဲ့ ဘာကာခက်တ် နာမန်ဂတ်တ်အဖွဲ့ဟာ ကလေးငယ်ကို လာရောက်တွေ့ဆုံခဲ့ပြီးနောက်မှာတော့ ဒါကို ခွဲစိတ်ကုသဖို့ ပြင်ဆင်နေကြပါတယ်။ အဲဒီအဖွဲ့က ဥက္ကဋ္ဌဖြစ်တဲ့ ဂျီတန် ဂိုဂွီက “သူဟာ တွေ့ဖူးသမျှ ကလေးတွေထဲ အထူးခြားဆုံးပါပဲ။ သူ့အခြေအနေဟာ အနာကျင်ရဆုံး ဖြစ်နေပါတယ်။ နှာခေါင်းဟာ ကြီးလွန်းတဲ့အတွက် စကားမပြောနိုင်ပါဘူး။ အကူတယောက်က သူ့ကို အစာကျွေးတာတွေ ကူညီလုပ်ကိုင်ပေးနေရပါတယ်။ လူတွေကတော့ နတ်ဘုရားအဖြစ် လာကြည့်နေကြတုန်းပါပဲ။ ဒါကို ခွဲစိတ်ပြီးသွားရင်တော့ သူဟာ ပိုပြီးကောင်းမွန်တဲ့ နေရာတခုမှာ ရှင်သန်နေထိုင်နိုင်ပါလိမ့်မယ်” လို့ ပြောပါတယ်။ လက်ရှိမှာတော့ သူ့ကို အစိုးရအကူအညီနဲ့ ထောက်ပံ့ထားတဲ့ ဆေးရုံတရုံမှာ ကုသခဲ့ပြီး နောက်ထပ်လိုအပ်တဲ့ ခွဲစိတ်ကုသမှုတွေ လုပ်နိုင်ဖို့ ဘန်ဂလောဆေးရုံဆီ လွှဲပြောင်းခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ဆရာဝန်တွေကတော့ ဂနေ့ရှ်ဟာ သာမန်အခြေအနေအတိုင်း ဖြစ်ဖို့အတွက် ခွဲစိတ်မှု ၂ ကြိမ်လောက် လုပ်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
4 years Ago
Up