ဆင်ကလေးနှာမောင်းအား ကိုက်သည့် မိကျောင်းကြီးကို ဆင်အုပ်စုက ပြန်တိုက်ခိုက် (ရုပ်သံ)

April 17, 2017

ဆင်ကလေးနှာမောင်းအား ကိုက်သည့် မိကျောင်းကြီးကို ဆင်အုပ်စုက ပြန်တိုက်ခိုက် (ရုပ်သံ)

ဆင်အုပ်စုလိုက်လာတဲ့အထဲက ဆင်လေးတစ်ကောင်ဟာ ရေဆင်းသောက်စဉ် မိကျောင်းက နှာမောင်းကို ကိုက်ပြီး တိုက်ခတ်စားသောက်ဖို့ လုပ်လို့ အုပ်စုထဲက ကျန်ဆင်အချို့က ဝိုင်းဝန်းတိုက်ခတ်ခဲ့တဲ့ သဲထိတ်ရင်ဖို သဘာဝတိုက်ပွဲ ရုပ်သံတစ်ခု ထွက်ပေါ်လာပါတယ်။ ဇာတ်လမ်းဆန်ဆန် ရုပ်သံကို ယူကေမှာ နေထိုင်တဲ့ မာလဝီဖွား ဘိုင်အိုဆေးသိပ္ပံပညာရှင် အလက်ဇန်ဒါမာကန်ဂါလို့ခေါ်တဲ့ နိုင်ငံခြားခရီးသွားတစ်ဦးင အခုလအစောပိုင်းက မာလဝီနိုင်ငံ လီဝန်ဒီအမျိုးသားပန်းခြံမှာ ဆင်တွေ မြစ်ထဲ ရေသောက်ဆင်းဖို့ သွားစဉ် ဖမ်းယူရိုက်ကူးမိတာပါ။ ဆင်အုပ်ထဲက ရှေ့မှာရောက်နေတဲ့ ဆင်ပေါက်လေးက ရေဆင်းသောက်စဉ် မိကျောင်းတစ်ကောင် ရေထဲက ရုတ်တရက်ပေါ်လာပြီး ဆင်လေးရဲ့ နှာမောင်းကို လှမ်းဆွဲလိုက်တာပါ။ ဒီလိုလှမ်းဆွဲချိန်မှာ ကျန်တဲ့ဆင်အုပ်ကြီးလည်း အထိတ်တလန့်နဲ့ ပြန့်ကျဲသွားပါတယ်။ မိချောင်းကြီးက ဆင်ပေါက်လေးရဲ့နှာမောင်းကို မလွတ်တမ်းခဲထားပြီး သတ်ဖြတ်ဖို့ ကြိုးစားပါတယ်။ ဆင်ပေါက်လေးကလည်း လှည့်ပတ်ပြေးပြီး သူ့ရဲ့နှာမောင်းကို မိကျောင်းပါးစပ်ထဲကနေ လွတ်သွားအောင်လှုပ်ရမ်းပြီး လွတ်အောင်ကြိုးစားနေတာကို ရုပ်သံထဲမှာ မြင်ရမှာပါ။ အဲ့ဒီနောက် ပြန့်ကျဲသွားတဲ့ ဆင်အုပ်စုက ပြန်လည်စုစည်းလိုက်ကြပြီး မိချောင်းစာဖြစ်တော့မယ့် ဆင်ပေါက်လေးရဲ့ သေရေးရှင်ရေးအတွက် ပြန်လည်တိုက်ခိုက်ခဲ့ကြတာပါ။ ဆင်ကလေးအပါအဝင် ကျန်တဲ့ဆင်တွေက ဆင်ကလေး ပြန်လည်လွတ်မြောက်တဲ့အထိ မိကျောင်းကို ခြေထောက်တွေနဲ့ နင်းပြီးတိုက်ခိုက်ခဲ့တဲ့ သဲထိတ်ရင်ဖို မြင်ကွင်းကို နိုင်ငံခြားခရီးသွားဧည့်သည်တွေက မြင်ခဲ့ကြားခဲ့ရတာပါ။ ရုပ်သံကို လူမှုကွန်ရက်စာမျက်နှာပေါ် တင်ပြီးကတည်းက ကြည့်ရှုသူပေါင်း ၁ သိန်းကျော်ရှိတယ်လို့ သိရပါတယ်။
4 years Ago
Up