ဆင်ကို ပွတ်သပ်ရေချိုးပေးစဉ် နှာမောင်းဖြင့် တွန်းထိုးလွှင့်ပစ်ခံရသည့် အမျိုးသမီး

February 14, 2017

ဆင်ကို ပွတ်သပ်ရေချိုးပေးစဉ် နှာမောင်းဖြင့် တွန်းထိုးလွှင့်ပစ်ခံရသည့် အမျိုးသမီး (ရုပ်သံ)

ယေဘုယျအားဖြင့်တော့ ဆင်တွေကို နူးညံ့တဲ့ တိရစ္ဆာန်တွေအဖြစ် သိထားကြပါတယ်။ ဒါပေမယ့် သူတို့ကို စိတ်အနှောင့်အယှက်ဖြစ်စေမယ်ဆိုရင်တော့ ဒီအမျိုးသမီးလိုပဲ လေထုထဲ ဆွဲယူလွှင့်ပစ်ခံရနိုင်ချေ ရှိပါတယ်။ ဒီအဖြစ်အပျက်ဟာ ထိုင်းနိုင်ငံ မြစ်တခုအတွင်းမှာ ဖြစ်ခဲ့တာလို့ ဒေးလီးမေးလ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ကမ္ဘာလှည့်ခရီးသည် အမျိုးသမီးတဦးဟာ ဆင်တကောင်ကို ပွတ်သပ်ရေချိုးပေးနေခဲ့တာ တွေ့ရမှာပါ။ သူဟာ ဆင်ကို ရေနဲ့ပက်ပြီး ချော့မြှူပွတ်သပ်ကစားဖို့ ကြိုးစားခဲ့ချိန်မှာ ဆင်က သူ့ရဲ့ ထိတွေ့ကိုင်တွယ်တာကို သဘောမကျဘဲ နှာမောင်းနဲ့ တွန်းထိုးလွှင့်ပစ်ခံခဲ့ရတာပါ။ အမျိုးသမီးဟာ ထိတ်လန့်စရာကောင်းလောက်အောင် လေထဲမြောက်တက် လွင့်ထွက်သွားခဲ့ပြီး ပြန်ကျလာခဲ့ပါတယ်။ ဒါပေမယ့် ကံကောင်းထောက်မစွာပဲ ထိခိုက်ဒဏ်ရာ ကြီးကြီးမားမား ရရှိတာမျိုး မရှိခဲ့ဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။
4 years Ago
Up