ဆက်သွယ်ရေး ပြတ်တောက်

August 10, 2019

တိုင်းနှင့်ပြည်နယ်အချို့တွင် ရေကြီးမြေပြိုပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်

ဒီရက်ပိုင်းမှာ မိုးသည်းထန်နေတာကြောင့် တိုင်းနဲ့ပြည်နယ် ၆ ခုမှာ ရေကြီးမြေပြိုတာ၊ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်တာတွေ ဖြစ်နေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကရင်ပြည်နယ်မှာ မနေ့က မိုးသည်းထန်ပြီး တောင်ကျရေကျော်လို့ ဘားအံမြို့နယ်က ရွာ ၇ ရွာ နစ်မြုပ်နေသလို ဘားအံ-ဇာသပြင်-မော်လမြိုင် ကားလမ်းမှာ ရေအနက် ၆ လက်မကနေ ၁ ပေခွဲလောက်ထိ၊ ဘားအံ-အိန္ဒု-ဇာသပြင်ကားလမ်း၊ ဘားအံ-အိန္ဒု-ကော့ကရိတ်ကားလမ်းတို့မှာ ရေအနက် ၃ ပေခွဲလောက်ထိ ရေကျော်နေပါတယ်။ ကြာအင်းဆိပ်ကြီးမြို့နယ်မှာတော့ ရွာ ၄ ရွာ နစ်မြုပ်နေပြီး  ဘုရားသုံးဆူ-သံဖြူဇရပ် ကားလမ်းပေါ်က ချောင်းကူးဘေလီ တံတား ၂ စင်း၊ ချောင်းကူးကွန်ကရစ်တံတား ချဉ်းကပ် မြေသားလမ်းနဲ့ အရှည် ၂၂၉ ပေ ရှိတဲ့ ဝိန့်ရော်ချောင်းကူးတံတား မျောပါဆုံးရှုံးခဲ့သလို  ကြာအင်းဆိပ်ကြီး-ကျိုက်ဒုံသွား လမ်းမပေါ်မှာလည်း ရေနစ်မြုပ်နေပါတယ်။ ကော့ကရိတ်မြို့နယ်မှာတော့ ရွာ ၃ ရွာ ရေနစ်နေပြီး လူ ၂၆၀ ကျော် နီးစပ်ရာအိမ်တွေမှာ ပြောင်းရွှေ့နေထိုင်နေရပါတယ်။ တနင်္သာရီတိုင်းမှာတော့ ဩဂုတ်လ ၈ ရက်ကနေ ၉ ရက်အထိ မိုးကြီးခဲ့ပြီး ရေဖြူမြို့နယ်မှာ ရွာ ၈ ရွာ၊ တနင်္သာရီမြို့နယ်မှာ ရပ်ကွက်နဲ့ ရွာ ၁၂ ခု၊ ပုလောမြို့နယ်မှာ ရပ်ကွက်နဲ့ရွာ ၄ ခု ရေနစ်မြုပ်ခဲ့ပြီး ကျောက်ကမ်းဖဲရွာမှာ အိမ်တချို့ ပြိုကျခဲ့ပါတယ်။ မြိတ်-ထားဝယ်ကားလမ်းမှာလည်း ရေလျှံနေသလို မိုင်တိုင်အမှတ် (၉၉/၅) နဲ့ (၁၀၀/၁)ကြား ကားလမ်းပေါ်မှာ တောင်မြေပြိုကျပြီး အမြင့် ၁၂ လောက် မြေကြီးတွေ ပိတ်မိနေပါတယ်။ မြိတ်မြို့နယ်မှာတော့ ရွာ ၃ ရွာ ရေနစ်နေပြီး ထားဝယ်မြို့နယ်မှာတော့ ရပ်ကွက် ၅ ခု ရေနစ်နေပါတယ်။ ထားဝယ်-မေတ္တာကားလမ်းမှာလည်း ရေ အနက် ၈ လက်မလောက်ကနေ ၅ ပေအထိ ရေကျော်နေလို့ ကားတွေ သွားမရဖြစ်နေပါတယ်။ ထားဝယ်ခရိုင် သရက်ချောင်း မြို့နယ်က ရွာ ၃ လည်း ရေနစ်နေတယ်လို့ ဆိုပါတယ်။ ပဲခူးတိုင်၊ ရွှေကျင်မြို့နယ်က ရွာ ၆ ရွာမှာ ရေကြီးနေပြီး မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်က ရွာ ၂ ရွာမှာ ရေကြီးနေပါတယ်။ မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ရပ်ကွက်နဲ့ ရွာ ၁၀ ရွာမှာ ရေကြီးခဲ့ပြီး  ဘုန်းကြီးကျောင်း ၁ ကျောင်း၊ စာသင်ကျောင်း ၁ ကျောင်းနဲ့ နေအိမ် ၈ လုံး ရေမျောပြိုကျခဲ့ပါတယ်။ မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက်က ဝေဇယန္တာပရိယတ္တိစာသင်တိုက် အနောက်ဘက် အုတ်တံတိုင်းပြိုကျလို့ ၁ ထပ် ဘုန်းကြီးကျောင်း ပြိုကျခဲ့ပြီး သက်တော် ၈၂ နှစ်အရွယ် ဘုန်းတော်ကြီး ပျံလွန်သွားပါတယ်။ ဒါ့အပြင် နောက်ထပ် ဘုန်းကြီးကျောင်း တကျောင်းနဲ့ ကွန်ကရစ် တံတားတစင်းလည်း ပြိုကျခဲ့ပါတယ်။ ဒါ့အပြင် ပေါင်မြို့နယ်၊ မုဒုံမြို့နယ်တို့မှာလည်း ရေကြီးမြေပြိုတာတွေရှိပြီး သံဖြူဇရပ်မြို့နယ်မှာတော့ ကျေးရွာနဲ့ ရပ်ကွက် ၂၁ ခုမှာ ရေကြီးနေပါတယ်။ သံဖြူဇရပ်မြို့နယ်မှာ လမ်းနဲ့ တံတား တချို့ပျက်စီးခဲ့သလို နေအိမ် ၂ လုံး ရေမျော၊ နေအိမ် ၁၀ လုံး၊ စေတီ ၁ ဆူ၊ ကွန်ကရစ်တံတား ၁ စင်း ပြိုကျပျက်စီးခဲ့ပြီး မိသားစု ၄ ယောက် ရေမျောပါသွားခဲ့တာမှာ အဖေနဲ့ အသက် ၇ နှစ်အရွယ် သမီးတို့ကို ဆယ်ယူနိုင်ခဲ့ပြီး အမေနဲ့ အသက် ၁ နှစ်အရွယ်သမီးတို့ ပျောက်ဆုံးနေပါတယ်။ ကျိုက်မရောမြို့နယ်က ရွာပေါင်း ၂၀ မှာ ရေကြီးနေသလို ရှမ်းပြည်နယ် မိုင်းတုံမြို့မှာတော့ တောင်ကျရေတိုက်စားလို့ မြို့မရပ်ကွက်က အရှည် ၆၆ ပေ ရှိတဲ့ နမ့်တုံချောင်းကူး သစ်သား တံတား ရေစီးမျောပါခဲ့ပါတယ်။
Zawgyi Version ဒီရက္ပိုင္းမွာ မိုးသည္းထန္ေနတာေၾကာင့္ တိုင္းနဲ႔ျပည္နယ္ ၆ ခုမွာ ေရႀကီးေျမၿပိဳတာ၊ လမ္းပန္းဆက္သြယ္ေရး ျပတ္ေတာက္တာေတြ ျဖစ္ေနတယ္လို႔ ျပည္ထဲေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။ ကရင္ျပည္နယ္မွာ မေန႔က မိုးသည္းထန္ၿပီး ေတာင္က်ေရေက်ာ္လို႔ ဘားအံၿမိဳ႕နယ္က ႐ြာ ၇ ႐ြာ နစ္ျမဳပ္ေနသလို ဘားအံ-ဇာသျပင္-ေမာ္လၿမိဳင္ ကားလမ္းမွာ ေရအနက္ ၆ လက္မကေန ၁ ေပခြဲေလာက္ထိ၊ ဘားအံ-အိႏၵဳ-ဇာသျပင္ကားလမ္း၊ ဘားအံ-အိႏၵဳ-ေကာ့ကရိတ္ကားလမ္းတို႔မွာ ေရအနက္ ၃ ေပခြဲေလာက္ထိ ေရေက်ာ္ေနပါတယ္။ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္မွာေတာ့ ႐ြာ ၄ ႐ြာ နစ္ျမဳပ္ေနၿပီး  ဘုရားသုံးဆူ-သံျဖဴဇရပ္ ကားလမ္းေပၚက ေခ်ာင္းကူးေဘလီ တံတား ၂ စင္း၊ ေခ်ာင္းကူးကြန္ကရစ္တံတား ခ်ဥ္းကပ္ ေျမသားလမ္းနဲ႔ အရွည္ ၂၂၉ ေပ ရွိတဲ့ ဝိန႔္ေရာ္ေခ်ာင္းကူးတံတား ေမ်ာပါဆုံးရႈံးခဲ့သလို  ၾကာအင္းဆိပ္ႀကီး-က်ိဳက္ဒုံသြား လမ္းမေပၚမွာလည္း ေရနစ္ျမဳပ္ေနပါတယ္။ ေကာ့ကရိတ္ၿမိဳ႕နယ္မွာေတာ့ ႐ြာ ၃ ႐ြာ ေရနစ္ေနၿပီး လူ ၂၆၀ ေက်ာ္ နီးစပ္ရာအိမ္ေတြမွာ ေျပာင္းေ႐ႊ႕ေနထိုင္ေနရပါတယ္။ တနသၤာရီတိုင္းမွာေတာ့ ဩဂုတ္လ ၈ ရက္ကေန ၉ ရက္အထိ မိုးႀကီးခဲ့ၿပီး ေရျဖဴၿမိဳ႕နယ္မွာ ႐ြာ ၈ ႐ြာ၊ တနသၤာရီၿမိဳ႕နယ္မွာ ရပ္ကြက္နဲ႔ ႐ြာ ၁၂ ခု၊ ပုေလာၿမိဳ႕နယ္မွာ ရပ္ကြက္နဲ႔႐ြာ ၄ ခု ေရနစ္ျမဳပ္ခဲ့ၿပီး ေက်ာက္ကမ္းဖဲ႐ြာမွာ အိမ္တခ်ိဳ႕ ၿပိဳက်ခဲ့ပါတယ္။ ၿမိတ္-ထားဝယ္ကားလမ္းမွာလည္း ေရလွ်ံေနသလို မိုင္တိုင္အမွတ္ (၉၉/၅) နဲ႔ (၁၀၀/၁)ၾကား ကားလမ္းေပၚမွာ ေတာင္ေျမၿပိဳက်ၿပီး အျမင့္ ၁၂ ေလာက္ ေျမႀကီးေတြ ပိတ္မိေနပါတယ္။ ၿမိတ္ၿမိဳ႕နယ္မွာေတာ့ ႐ြာ ၃ ႐ြာ ေရနစ္ေနၿပီး ထားဝယ္ၿမိဳ႕နယ္မွာေတာ့ ရပ္ကြက္ ၅ ခု ေရနစ္ေနပါတယ္။ ထားဝယ္-ေမတၱာကားလမ္းမွာလည္း ေရ အနက္ ၈ လက္မေလာက္ကေန ၅ ေပအထိ ေရေက်ာ္ေနလို႔ ကားေတြ သြားမရျဖစ္ေနပါတယ္။ ထားဝယ္ခ႐ိုင္ သရက္ေခ်ာင္း ၿမိဳ႕နယ္က ႐ြာ ၃ လည္း ေရနစ္ေနတယ္လို႔ ဆိုပါတယ္။ ပဲခူးတိုင္၊ ေ႐ႊက်င္ၿမိဳ႕နယ္က ႐ြာ ၆ ႐ြာမွာ ေရႀကီးေနၿပီး မေကြးတိုင္း၊ ေရနံေခ်ာင္းၿမိဳ႕နယ္က ႐ြာ ၂ ႐ြာမွာ ေရႀကီးေနပါတယ္။ မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္မွာ ရပ္ကြက္နဲ႔ ႐ြာ ၁၀ ႐ြာမွာ ေရႀကီးခဲ့ၿပီး  ဘုန္းႀကီးေက်ာင္း ၁ ေက်ာင္း၊ စာသင္ေက်ာင္း ၁ ေက်ာင္းနဲ႔ ေနအိမ္ ၈ လုံး ေရေမ်ာၿပိဳက်ခဲ့ပါတယ္။ ေမာ္လၿမိဳင္ၿမိဳ႕၊ မရမ္းကုန္းရပ္ကြက္က ေဝဇယႏၲာပရိယတၱိစာသင္တိုက္ အေနာက္ဘက္ အုတ္တံတိုင္းၿပိဳက်လို႔ ၁ ထပ္ ဘုန္းႀကီးေက်ာင္း ၿပိဳက်ခဲ့ၿပီး သက္ေတာ္ ၈၂ ႏွစ္အ႐ြယ္ ဘုန္းေတာ္ႀကီး ပ်ံလြန္သြားပါတယ္။ ဒါ့အျပင္ ေနာက္ထပ္ ဘုန္းႀကီးေက်ာင္း တေက်ာင္းနဲ႔ ကြန္ကရစ္ တံတားတစင္းလည္း ၿပိဳက်ခဲ့ပါတယ္။ ဒါ့အျပင္ ေပါင္ၿမိဳ႕နယ္၊ မုဒုံၿမိဳ႕နယ္တို႔မွာလည္း ေရႀကီးေျမၿပိဳတာေတြရွိၿပီး သံျဖဴဇရပ္ၿမိဳ႕နယ္မွာေတာ့ ေက်း႐ြာနဲ႔ ရပ္ကြက္ ၂၁ ခုမွာ ေရႀကီးေနပါတယ္။ သံျဖဴဇရပ္ၿမိဳ႕နယ္မွာ လမ္းနဲ႔ တံတား တခ်ိဳ႕ပ်က္စီးခဲ့သလို ေနအိမ္ ၂ လုံး ေရေမ်ာ၊ ေနအိမ္ ၁၀ လုံး၊ ေစတီ ၁ ဆူ၊ ကြန္ကရစ္တံတား ၁ စင္း ၿပိဳက်ပ်က္စီးခဲ့ၿပီး မိသားစု ၄ ေယာက္ ေရေမ်ာပါသြားခဲ့တာမွာ အေဖနဲ႔ အသက္ ၇ ႏွစ္အ႐ြယ္ သမီးတို႔ကို ဆယ္ယူႏိုင္ခဲ့ၿပီး အေမနဲ႔ အသက္ ၁ ႏွစ္အ႐ြယ္သမီးတို႔ ေပ်ာက္ဆုံးေနပါတယ္။ က်ိဳက္မေရာၿမိဳ႕နယ္က ႐ြာေပါင္း ၂၀ မွာ ေရႀကီးေနသလို ရွမ္းျပည္နယ္ မိုင္းတုံၿမိဳ႕မွာေတာ့ ေတာင္က်ေရတိုက္စားလို႔ ၿမိဳ႕မရပ္ကြက္က အရွည္ ၆၆ ေပ ရွိတဲ့ နမ့္တုံေခ်ာင္းကူး သစ္သား တံတား ေရစီးေမ်ာပါခဲ့ပါတယ္။
2 years Ago
Up