ဆက်သွယ်

November 13, 2020

စီရော်နယ်ဒိုကို ပြန်ခေါ်ရန် မန်ယူ ဆက်သွယ်

မန်ယူအသင်းဟာ ဂျူဗင်တပ်တိုက်စစ်မှူး ရော်နယ်ဒိုကို ပြန်လည်ခေါ်ယူဖို့ အေးဂျင့်ဖြစ်သူ  ဂျော့မန်ဒက်စ်ကို ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။  စီရော်နယ်ဒိုဟာ အခုနှစ်ရာသီအကုန်မှာ ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွှေ့ဖို့ ရှိတယ်လို့ သတင်းထွက်ပေါ်ခဲ့ဖူးပြီး လက်ရှိအချိန်မှာ ယူနိုက်တက်နဲ့ သတင်းထွက်ပေါ်လာခဲ့တာပါ။  ပေါ်တူဂီသတင်းစာ Record ကတော့  မန်ယူနိုက်တက်အသင်းဟာ ရော်နယ်ဒိုကို ပြန်လည်ခေါ်ယူဖို့ အေးဂျင့် ဂျော့စ်မန်ဒက်စ်ကို   ကမ်းလှမ်းမှု တစ်ခုလုပ်ခဲ့တယ်လို့ ဖော်ပြခဲ့ ပါတယ်။  အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ ၂၀၀၉ ခုနှစ်က ယူနိုက်တက်ကနေ ရီးရဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ကစားခဲ့တာဖြစ်ပါတယ်။
5 months Ago

January 14, 2020

ဆွေးနွေးပွဲပြန်စရန် အမေရိကန်က မြောက်ကိုရီးယားကို ဆက်သွယ်

ဆွေးနွေးပွဲတွေ ပြန်စဖို့ အမေရိကန်က မြောက်ကိုရီးယားကို ဆက်သွယ်ပြီးပြီလို့ အမေရိကန် သမ္မတ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး ရောဘတ်အိုဘရိုင်ယန်က ဇန်နဝါရီ ၁၂ ရက်မှာ လုပ်တဲ့ လူတွေ့ မေးမြန်းခန်းအတွင်း ပြောပါတယ်။ အောက်တိုဘာလ အစောပိုင်းမှာ ဆွီဒင်နိုင်ငံမြို့တော် စတော့ဟုမ်းမှာ ညှိနှိုင်းတာတွေ ဆက်လုပ်ချင်တယ်ဆိုတာ မြောက်ကိုရီးယားကို အသိပေးပြီးပြီလို့ အိုဘရိုင်ယန်က အွန်လိုင်း သတင်းဌာနကို ပြောကြားခဲ့တာပါ။ “ကျနော်တို့ဟာ လမ်းကြောင်း အမျိုးမျိုးကနေ သူတို့ကို အသိပေးပြီးပြီ။ ကျနော်တို့က  ဒီအရေးကို လမ်းကြောင်းပေါ် ပြန်ရောက်စေချင်တယ်” အိုဘရိုင်ယန်က ပြောပါတယ်။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ ခရစ္စမတ်လက်ဆောင် သတိပေးချက်ကို အကောင်အထည်မဖော်ခဲ့လို့ ဒါဟာ အပြုသဘောဆောင်တဲ့ လက္ခဏာလို့လည်း သူက ပြောပါတယ်။ အကဲခတ်တချို့ကတော့ မြောက်ကိုရီးယား အစိုးရဟာ တာဝေးပစ် ဒုံးကျည် စမ်းသပ်ဖို့ ပြင်ဆင်နေတဲ့လက္ခဏာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။  အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကတော့ မြောက်ကိုရီးယားက ပြောတဲ့ ခရစ္စမတ်လက်ဆောင်ဟာ လှပတဲ့ ပန်းအိုးတလုံး ဖြစ်နိုင်တယ်လို့ အရင်လက ပြောခဲ့ပါတယ်။ မြောက်ကိုရီးယားဘက်ကလည်း ထရမ့်ဆီက ကင်မ်အတွက် မွေးနေ့လက်ဆောင် ရထားတယ်။ ဒါပေမဲ့ ပုဂ္ဂိုလ်ရေး ဆက်ဆံမှုက ဆွေးနွေးပွဲဆီ ပြန်လာဖို့အထိ မလုံလောက်ဘူးလို့ မြောက်ကိုရီးယား အစိုးရ မီဒီယာ ကေစီအန်အေက ထုတ်လွှင့်တဲ့ ကြေညာထားပါတယ်။ ကိုရီးယားကျွန်းဆွယ် နျူကလီးယား ဖြုတ်သိမ်းရေး ဆွေးနွေးပွဲတွေမှာ ၂၀၁၉ ဖေဖော်ဝါရီက ဟနွိုင်းမှာ ကျင်းပခဲ့တဲ့ နောက်ဆုံး ညီလာခံအတွင်း ထရမ့်က တောင်းဆိုထားတဲ့ အဆိုပြုချက် တွေကို ထပ်ပြီး မဆွေးနွေးဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးက စနေနေ့မှာ ပြောပါတယ်။ ကင်မ်က မြောက်ကိုရီးယားဟာ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်တွေကိုရော နျူကလီးယား ဗုံးတွေကိုပါ စမ်းသပ်တာ မလုပ်ဖို့ တကိုယ်တော် ကန့်သတ်ထားစရာ ဘယ်လို အခြေအမြစ်မှ မရှိတော့ဘူး ဗျူဟာမြောက် လက်နက်အသစ်ကို နီးကပ်တဲ့ အနာဂတ်မှာ မိတ်ဆက်မယ်လို့ လတ်တလောမှာ ပြောထားပါတယ်။
1 year Ago
Up