ဆက်လက်ယိုယွင်း

October 15, 2020

နယူးဒေလီ၏ လေထုအရည်အသွေး ဆက်လက်ယိုယွင်း

အိန္ဒိယနိုင်ငံရဲ့မြို့တော် နယူးဒေလီမှာ လေထုအရည်အသွေးဟာ အောက်တိုဘာ ၁၅ရက်မှာ လည်း ဆက်လက် ယိုယွင်းနေပါတယ်။ ကောက်ပဲသီးနှံစိုက်ခင်း ရိုးပြတ်တွေကို မီးရှို့ချိန် လေငြိမ်နေတာကြောင့် နိုင်ငံမြောက်ပိုင်း တလွှားမှာ မီးခိုးတွေ ရစ်သိုင်းနေပါတယ်။ မြို့တော်နယူးဒေလီရဲ့ ကောင်းကင်မှာတော့ မီးခိုးမြူထူတွေကြောင့် မြင်နိုင်စွမ်းပါ ကျဆင်းနေတာပါ။ လေထုအရည်အသွေးညွှန်းကိန်းက အဆင့် ၂၅၉ မှာ ရှိနေပြီး အလွန်အမင်း မကျန်းမမာ ဖြစ်စေတဲ့အဆင့်ထိ အရည်အသွေး ကျဆင်းနေပါတယ်။  နေ့စဉ်လုပ်ငန်းဆောင်တာတွေအတွက် အိမ်ပြင်ကို မနက်စောစော ထွက်လာတဲ့ လူတွေက အသက်ရှူရခက်ပြီး မျက်လုံးယားယံတဲ့ ဝေဒနာတွေ ခံစားရတယ်လို့ ဒေလီ ဒေသခံ တယောက်က ပြောပါတယ်။  “ပန်ဂျပ်နဲ့ဟာယာနပြည်နယ်တွေမှာ ရိုးပြတ်တွေကို မီးရှို့နေလို့ ဒေလီမှာ လေထုညစ်ညမ်း နေတာ ရက် ၂၀ လောက် ရှိပြီ။ ကျနော်တို့ အသက်ရှူကြပ်တယ်။ အပြင်ထွက်ရတာ ခက်ခဲလာတယ်။”   ဆောင်းရာသီ ရောက်တိုင်း အိန္ဒိယမြောက်ပိုင်းမှာ လယ်ကွင်းတွေထဲက ရိုးပြတ်မီးရှို့ရာက ထွက်လာတဲ့ မီးခိုး၊ စက်မှုလုပ်ငန်းတွေက ထုတ်လွှတ်သမျှနဲ့ ကားတွေက ထွက်လာတဲ့ အခိုးအငွေ့ တွေ စုပေါင်းပြီး ထူထဲတဲ့ မီးခိုးမြူထူတွေ ရစ်သိုင်းနေလေ့ ရှိပါတယ်။
7 months Ago
Up