ဆက်လက်ဆန့်ကျင်ဆန္ဒပြ

March 22, 2021

မုံရွာမြို့တွင် အကြမ်းဖက် စစ်အာဏာရှင်ကို ဆက်လက်ဆန့်ကျင်ဆန္ဒပြ

စစ်ကောင်စီရဲ့ အကြမ်းဖက် စစ်တပ်၊ ရဲတို့က ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတဲ့ ပြည်သူတွေကို လက်နက်အားကိုးနဲ့ အကြမ်းဖက်ပစ်သတ်မှုတွေ နိုင်ငံအနှံ့အပြားမှာ ပြုလုပ်နေသလို မုံရွာမြို့မှာလည်း ပစ်ခတ်နှိမ်နင်းသတ်ဖြတ်မှုတွေ ကြုံတွေ့နေရပေမယ့် စစ်အာဏာရှင်ကို ပြည်သူတွေက ဆက်လက်ဆန့်ကျင်ကန့်ကွက်ဆန္ဒပြနေကြပါတယ်။

မုံရွာမြို့ လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီရဲ့ ပင်မသပိတ်စစ်ကြောင်း မတ်လ ၂၂ ရက်နေ့က ချီတက်ရာမှာလည်း လူအင်အားထောင်ချီကာ ပူးပေါင်းပါဝင်ခဲ့ကြပြီး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြကာ အေးအေးချမ်းချမ်း လူစုခွဲနိုင်ခဲ့ကြပါတယ်။ 

မတ်လ ၂၁ ရက်နေ့ကတာ့ စစ်ကောင်စီရဲ့ အကြမ်းဖက်တပ်တွေ ရမ်းကားပစ်ခတ်မှုကြောင့် လူငယ်တစ်ဦး ဦးခေါင်းကျည်ထိကာ သေဆုံးခဲ့ပြီး အနည်းဆုံး ၆ ဦး သေနတ်ထိမှန်ခဲ့ပါတယ်။ မုံရွာမြို့မှာ စစ်ကောင်စီ အကြမ်းဖက်တပ်တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသူ ၁၂ ဦးထိ ရှိလာပြီး ဒဏ်ရာရသူ ၂၀ ဦးထက်မနည်းရှိနေပြီလည်းဖြစ်ပါတယ်။

8 months Ago
Up