ဆက်ထိန်း

A d v e r t i s e m e n t With Us

August 22, 2020

ဆုဖလားစိန်ခေါ်နိုင်ရေး အူဘာမီယန်းကို ဆက်ထိန်းထားရန် ဝီလီယံ ပြော

တိုက်စစ်မှူး အူဘာမီယန်း ဆက်ရှိနေဖို့ အရေးကြီးတယ်လို့ အာဆင်နယ်ကစားသမားသစ် ဝီလီယံက ပြောလိုက်ပါတယ်။ အသင်းခေါင်းဆောင် အူဘာမီယန်းဟာ အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့ပြီး သက်တမ်းတိုးမယ့်ကိစ္စ ဆွေးနွေးနေဆဲ ဖြစ်ပါတယ်။  ချဲလ်ဆီးကနေ အာဆင်နယ်ကို ပြောင်းရွှေ့လာခဲ့တဲ့ ဝီလီယံကတော့ ဆုဖလားတွေ စိန်ခေါ်နိုင်ဖို့အတွက် အူဘာမီယန်းက အဓိက အစိတ်အပိုင်းတခုဖြစ်ပြီး အသင်းမှာ ဆက်ရှိနေဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။  အာဆင်နယ်အသင်းဟာ အူဘာမီယန်းကို တစ်ပတ်လုပ်ခပေါင် ၂ သိန်းခွဲနဲ့ သက်တမ်းတိုးဖို့ အကြိုသဘောတူညီမှု ရရှိထားတယ်လို့ သတင်းထွက်ပေါ်နေပေမယ့် တရားဝင် သတင်းထုတ်ပြန်တာတော့ မရှိသေးတာ ဖြစ်ပါတယ်။ အူဘာမီယန်းက တရာသီကို ၂၅ ဂိုးကနေ ဂိုး ၃၀ အထိ ပုံမှန်သွင်းပေးနေကျ ကစားသမား ဖြစ်ပြီး အကောင်းဆုံးတိုက်စစ်မှူးတဦးလည်း ဖြစ်တယ်လို့ ဝီလီယံက ချီးကျူးပါတယ်။
7 months Ago

August 6, 2020

ဂရီးလစ်ချ်ကို လုပ်ခတိုးပေးပြီး ဆက်ထိန်းထားရန် အက်စတွန်ဗီလာကြိုးပမ်း

အက်စတွန်ဗီလာအသင်းဟာ ဂျက်ဂရီးလစ်ချ်ကို လုပ်ခတိုးပေးပြီး ဆက်ထိန်းနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။  ဗီလာအသင်းခေါင်းဆောင်ကို မန်ယူနိုက်တက်အသင်းက ခေါ်ယူဖို့ ပစ်မှတ် ထားနေတာ ဖြစ်ပါတယ်။  ဗီလာအသင်းဘက်ကတော့ လက်ရှိ ဂရီးလစ်ချ်ရရှိနေတဲ့ ပေါင် ၇ သောင်းကနေ တပတ်လုပ်ခပေါင် ၁ သိန်းအထိ တိုးမြှင့်ချုပ်ဆိုဖို့ ကမ်းလှမ်းမယ်လို့ The Sun က ဖော်ပြပါတယ်။  ဗီလာအသင်းပိုင်ရှင်တွေဟာ ကစားသမားအင်အားဖြည့်တင်းဖို့အတွက် ပေါင်သန်း ၁၀၀ ထုတ်ပေးမှာဖြစ်ပြီး ဂရစ်လစ်ချ်ကို ဆက်ထိန်းနိုင်ဖို့ မက်လုံးပေးထားတယ်လို့ သိရပါတယ်။  ဂရီးလစ်ချ်ဟာ သူ့ရဲ့ လူငယ်ကစားသမားဘ၀ ၂၀၁၂ ခုနှစ်ကတည်းက အသင်းမှာ ရှိနေတာဖြစ်ပြီး စုစုပေါင်း ၁၈၆ ပွဲမှာ ၂၅ ဂိုး သွင်းယူပေးထားပါတယ်။ 
7 months Ago
More News
Up