ဆက်တီယန်

November 4, 2020

မက်ဆီဟာ ကိုင်တွယ်ရခက်သည့် ကစားသမားမဟုတ်ဟု နည်းပြ ကိုးမန်း ဖြေရှင်း

မက်ဆီဟာ ကိုင်တွယ်ရခက်ခဲတဲ့ ကစားသမားဆိုတာ မဟုတ်မှန်ကြောင်း ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းက ပြောပါတယ်။  နည်းပြဟောင်း ဆက်တီယန်က မက်ဆီဟာ ကိုင်တွယ်ရ ခက်ခဲတဲ့ ကစားသမားဖြစ်ကြောင်း မှတ်ချက်ပေးခဲ့တဲ့အပေါ်မှာ ရော်နယ်ကိုးမန်းကို မီဒီယာတွေက မေးမြန်းခဲ့ကြတာပါ။  လီယိုက အလွန်ကောင်းမွန်တဲ့ ကစားသမားဖြစ်ပြီး မိမိအတွက်တော့ ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်တယ်ဆိုတာ သူ့ရဲ့နေ့စဉ် ရည်မှန်းချက်တွေကို မြင်နိုင်ကြောင်း ရော်နယ်ကိုးမန်းက ချီးကျူးပါတယ်။  နည်းပြတိုင်းက ကွဲပြားခြားနားတဲ့ ထင်မြင်ချက်တွေရှိပြီး သူ့အနေနဲ့တော့ မက်ဆီက ကိုင်တွယ်ရခက်ခဲတဲ့ ကစားသမား မဟုတ်ဘူးလို့ နည်းပြကိုးမန်းက ပြောပါတယ်။  မက်ဆီကို ကွင်းထဲမှာနဲ့ အဝတ်လဲခန်းတွေမှာ ဆက်ဆံရေးကောင်းရှိပြီး နည်းပြဟောင်း ဆက်တီယန်လို အမြင်မျိုး မရှိကြောင်း ကိုးမန်းက ပြောပါတယ်။  ဒါပေမဲ့လည်း  လူတိုင်းမှာ အမြင်အမျိုးမျိုးရှိနိုင်ပြီး ဆက်တီယန်ရဲ့ အမြင်အပေါ်မှာလည်း လေးစားမှုထားရှိတယ်လို့ ရော်နယ်ကိုးမန်းက ပြောပါတယ်။
8 months Ago

September 18, 2020

ဘာစီလိုနာအသင်းကို တရားစွဲမည်ဟု ထုတ်ပယ်ခံရသည့် နည်းပြဆက်တီယန် ကြေညာ

ဘာစီလိုနာ နည်းပြဟောင်း ဆက်တီယန်ဟာ   ရာထူးကနေထုတ်ပယ်ခံရတာနဲ့ ပတ်သက်ပြီး ဘာစီလိုနာအသင်းကို တရားစွဲဆိုသွားမယ်လို့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။  ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရပြီးနောက် မကြာခင် နည်းပြဆက်တီယန်ကို ရာထူးကနေထုတ်ပယ်ခဲ့ပြီး ရော်နယ်ကိုးမန်းနဲ့ အစားထိုးခန့်အပ်ခဲ့တာပါ။  ဒါပေမယ့်လည်း တရားဝင်ထုတ်ပယ်လိုက်ကြောင်း အကြောင်းကြားစာကိုတော့ တစ်လကြာမှ ပေးပို့ခဲ့ပြီး စာချုပ်ပါသဘောတူညီချက်တွေနဲ့ ကိုက်ညီခြင်းမရှိတာကြောင့် တရားစွဲဆိုသွားမယ်လို့ ဆက်တီယန်က ကြေညာချက်ထုတ်ခဲ့တာပါ။  ဆီတီယန်နဲ့ စာချုပ်သက်တမ်းက ၂၀၂၂ ခုနှစ်အထိ ရှိတယ်လို့သိရပြီး ကြေညာချက်ကြောင့် နည်းပြသစ်ရော်နယ်ကိုးမန်းအနေနဲ့ လာလီဂါအဖွင့်ပွဲစဉ်ကို တရားဝင်ကိုင်တွယ်ခွင့်ရဖို့လည်း ခက်ခဲနိုင်တယ်လို့ သိရပါတယ်။ 
9 months Ago
More News
Up