ဆက်လက်ပေါက်ကွဲ

June 9, 2018

ဖွယ်ဂိုမီးတောင် ဆက်လက်ပေါက်ကွဲ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း ခေတ္တရပ်ဆိုင်း

ဂွါတီမာလာနိုင်ငံ ဖွယ်ဂိုမီးတောင်ဟာ နောက်ထပ်ပေါက်ကွဲမှုတွေ  ဖြစ်နေတဲ့အတွက် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို ခေတ္တရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။ မီးတောင် ပေါက်ကွဲမှုကြောင့် ဇွန် ၈ ရက်နေ့အထိ သေဆုံးသူ ၁၀၉ ဦးအထိ ရှိပြီး ၁၉၀  ပျောက်ဆုံးနေပါတယ်။ ဖွယ်ဂိုမီးတောင်က မီးတောင်ပြာတွေဟာ အနီးဝန်းကျင် ဒေသတွေကို ကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိခဲ့ပြီး လူသေစေတဲ့ ချော်ရည်တွေဟာ အနီးဝန်းကျင်မြို့တွေဆီ လျင်မြန်စွာ စီးဆင်းခဲ့ပါတယ်။ မီးတောင် ပေါက်ကွဲခဲ့တာ ၆ ရက် ရှိသွားပေမယ့် မိသားစုဝင်တွေဟာ ကိုယ်ချစ်ရသူတွေကို ရှာဖွေတဲ့ မျော်လင့်ချက်ကို မစွန့်လွှတ်သေးပါဘူး။ ဒါပေမယ့် ဖွယ်ဂိုမီးတောင် ဆက်လက်ပေါက်ကွဲနေတဲ့အတွက် ပျောက်ဆုံး မိသားစုဝင်တွေကို လာပြန်မရှာကြဖို့ နိုင်ငံတကာကယ်ဆယ်ရေး ၀န်ထမ်းတွေက သတိပေးထားပါတယ်။
4 years Ago
Up