ဆက်ဆံရေးရုံး ဖွင့်လှစ်

September 15, 2018

တောင်-မြောက်ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေးရုံး ဖွင့်လှစ်

တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားနိုင်ငံတို့ဟာ အချိန်ပြည့်ဆက်သွယ်နိုင်ဖို့ရည်ရွယ်ပြီး နှစ်နိုင်ငံဆက်ဆံရေးရုံးကို မြောက်ကိုရီးယားနိုင်ငံ ဘက်ခြမ်းက ကေဆောင်းစက်မှုမြို့ထဲမှာ ဖွင့်လှစ်လိုက်ပါတယ်။ ဆက်ဆံရေးရုံးဖွင့်ပွဲကို တောင်နဲ့မြောက်ကိုရီးယား ၂ နိုင်ငံက အစိုးရအရာရှိတွေနဲ့ ပညာရှင်အယောက် ၅ဝ နီးပါး တက်ရောက်ခဲ့တယ်လို့ စီစီတီဗွီသတင်းမှာဖော်ပြပါတယ်။ အဲဒီရုံးမှာ တောင်နဲ့ မြောက်ကိုရီးယား ၂ နိုင်ငံက ဝန်ထမ်း အယောက် ၂ဝ စီ တာဝန်ထမ်းဆောင်မယ်လို့ သိရပါတယ်။ အဲဒီ ရုံးအကြီးအကဲတွေအဖြစ် တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဒုတိယဝန်ကြီး ချွန်ဟဲဆွန်းနဲ့ မြောက်ကိုရီးယားနိုင်ငံ ပြန်လည်ပေါင်းစည်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဂျွန်ဂျဲဆုတို့က ပူးတွဲတာဝန်ယူကြမှာပါ။ ဒီရုံးကနေ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်လာဖို့ မျှော်လင့်ထားတယ်လို့ တောင်ကိုရီးယား ဘက်က အစောပိုင်းမှာ ပြောထားပါတယ်။
3 years Ago
Up