ဆက်စပ်ပစ္စည်းများ ဖမ်းမိ

April 28, 2017

ရေးမြို့နယ်၌ စိတ်ကြွဆေးပြားများနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းမိ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဒူးယားကျေးရွာနေ ဦးရှိန်ရဲ့ ရာဘာခြံမှာ ဧပြီ ၂၇ ရက်နေ့ ည ၇ နာရီခွဲလောက်က စိတ်ကြွဆေးပြားတွေနဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းမိခဲ့တယ်လို့ ရေးမြို့မရဲစခန်းက ပြောပါတယ်။ မူးယစ်ဆေးဝါး သုံးစွဲ ဖြန့်ဖြူးရောင်းနေကြောင်း သတင်းအရ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ၀င်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး ဦးရှိန်ရဲ့ ရာဘာခြံတဲမှာ အတူမူးယစ်ဆေးဝါးသုံးစွဲဖို့ ရောက်ရှိနေတဲ့ နန္ဒာစိုး (ခ) အဒွတ်၊ ဝင်းမြင့်သူ၊ နေသူတို့ကို တွေ့ရှိပြီး ဦးရှိန် ဝတ်ဆင်ထားတဲ့ အင်္ကျီအိတ်အတွင်းက WY စာတန်းပါ စိတ်ကြွဆေးပြား ၁၄ ပြားနဲ့အတူ ဆေးသုံးစွဲရင် အသုံးပြုတဲ့ ဝါးပြောင်း ၅ ခု၊ အဝါရောင်မီးခြစ် ၁ လုံး၊ နံရံထုပ်တန်းပေါ်မှ စိတ်ကြွဆေးပြား ၁၁ ပြား သိမ်းဆည်းရမိခဲ့တယ်လို့ ရေးမြို့မရဲစခန်း ရဲအရာရှိတဦးက ပြောပါတယ်။ ဦးရှိန်ရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်း ကျော်မင်းထူး(ခ)အဖိုင်ရဲ့ အိပ်ရာခေါင်းအုံးအောက်မှ WY စာတန်းပါ စိတ်ကြွဆေးပြား ၁၄၄ ပြား၊ R စာတန်းပါ ၁ ပြား၊ နက်ပြာကျုံ့အိတ်အတွင်းမှ WY စာတန်းပါ စိတ်ကြွဆေးပြား ၂၉ ပြား ဖြစ်ရာ စုစုပေါင်း စိတ်ကြွဆေးပြားပေါင်း ၁၉၉ ပြား၊ ၁ ပြားလျှင် ၅၀၀၀ ကျပ်နှုန်းဖြင့် ကာလတန်းဖိုး ၉၉၅၀၀၀ ကျပ်ခန့် ရှာဖွေသိမ်းဆည်းခဲ့မိတယ်လို့ ဆိုပါတယ်။ ဦးရှိန်၊ နန္ဒာစိုး(ခ)အဒွတ်၊ ဝင်းမြတ်သူ၊ ကျော်မင်းထူး(ခ) အဖိုင်နဲ့ ထွက်ပြေးတိမ်းရှောင်နေတဲ့ အောင်သပြေအပြင် ဆက်စပ်ကွင်းဆက် တရားခံတွေကို ရေးမြို့မရဲစခန်းက မူး/စိတ်ပြောင်းပုဒ်မ ၁၅/၁၉ (က)/၂၁ အရ အမှုဖွင့်အရေးယူထားပြီး ဆက်စပ်တရားခံ ၂ ဦးကို ဖမ်းဆီးနိုင်ရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း - နေမျိုးထွဋ်(ရေး)
4 years Ago
Up