စနူကာလက်ရွေးစင်

October 8, 2018

ကမ္ဘာ့ပြိုင်ပွဲတွင် အောင်မြင်မှုရရေး ကြိုးပမ်းမည်ဟု စနူကာလက်ရွေးစင် ကိုထက်ပြော

ပြီးခဲ့တဲ့ အာရှစနူကာပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ခဲ့တာနဲ့ ကျေနပ်မနေဘဲ လာမယ့်နိုဝင်ဘာလ မြန်မာနိုင်ငံက လက်ခံကျင်းပမယ့် ကမ္ဘာ့ပြိုင်ပွဲမှာလည်း အောင်မြင်မှုရရှိဖို့ ကြိုးပမ်းသွားမယ်လို့ စနူကာလက်ရွေးစင်ကစားသမား ကိုထက်က ပြောပါတယ်။ ကိုထက်ဟာ ပြီးခဲ့တဲ့ မလေးရှားဖိတ်ခေါ် အာရှစနူကာပြိုင်ပွဲမှာ ချန်ပီယံဆုရရှိခဲ့ပြီးတော့ ဆီးဂိမ်းဆုတံဆိပ်အဖြစ် စင်ကာပူဆီးဂိမ်းမှာ ငွေတံဆိပ်၁ ဆု၊ မလေးရှားဆီးဂိမ်းမှာ တဦးချင်းနဲ့နှစ်ယောက်တွဲတို့ကနေ ကြေးတံဆိပ်ဆုတွေရရှိခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ မြန်မာဘိလိယက်နဲ့ စနူကာအားကစားအဖွဲ့ဟာ အောင်မြင်မှုတွေ ဆက်တိုက်ရရှိနေတဲ့ အားကစားအဖွဲ့ဖြစ်ပြီးတော့ ပြီးခဲ့တဲ့ အာရှယူ ၂၁ စနူကာချန်ပီယံရှစ်မှာလည်း အောင်ဖြိုးက ချန်ပီယံဆုရရှိထားခဲ့ပါတယ်။ လက်ရှိမှာတော့ ဘိလိယက်နဲ့ စနူကာအားကစားသမားတွေဟာ လာမယ့်နိုဝင်ဘာလမှာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် IBSF ရဲ့ ကမ္ဘာ့ပြိုင်ပွဲအတွက် အဖွဲ့ချုပ်မှာ လေ့ကျင့်ပြင်ဆင်နေကြပါတယ်။
3 years Ago
Up