စွဲချက်ရင်ဆိုင်

October 8, 2020

သေနတ်ပစ်ခံရသူ ဟောင်ကောင်ဆန္ဒပြသမား စွဲချက်ရင်ဆိုင်ရန် တရားရုံးသို့လာရောက်

မနှစ်က ဆန္ဒပြပွဲအတွင်း ရဲက ရင်ဘတ်ကို သေနတ်နဲ့ပစ်တာခံရတဲ့ အသက် ၁၉ နှစ်အရွယ် ဟောင်ကောင် ဆန္ဒပြသူဟာ အဓိကရုဏ်းဖြစ်အောင်ပြုမှု စွဲချက်တွေနဲ့ အောက်တိုဘာ ၈ ရက်မှာ တရားရုံးဆီ ရောက်လာပါတယ်။  တိုနီဆန်လို့ သိကြတဲ့ ဆန်ချိကင်ဟာ ထောင်ဒဏ် ၁၀ နှစ်ပြစ်ဒဏ်ကို ကျခံရနိုင်တဲ့ အဓိကရုဏ်းပြုမှုနဲ့ရော ရဲအရာရှိ တယောက်ကို တိုက်ခိုက်မှုနဲ့ပါ စွဲချက်တင် ခံထားရပါတယ်။ သူနဲ့အမှုတွဲ ယောင်ဝမ့်တာဟာလည်း အဓိကရုဏ်းမှုနဲ့စွဲချက်တင်ခံထားရပြီး သူတို့ ၂ ယောက်စလုံး မနှစ်က အောက်တိုဘာ ၁ ရက်မှာ အဖမ်းခံရတာပါ။ ကြားနာပွဲကို လာရောက်ပြီး သူတို့ကို ဝန်းရံထောက်ခံသူတွေထဲမှာ ထင်ရှားတဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဂျိုရွှာဝေါင်လည်း ပါပါတယ်။ တရားစီရင်မှုနဲ့ ပတ်သက်ပြီး တရားရေးလုပ်ငန်းစဉ်တွေကို ဆွေးနွေးဖို့ လိုတယ်လို့ ယောင်ရဲ့ ရှေ့နေက ပြောပါတယ်။  အမှုကိုတော့ ဒီဇင်ဘာ ၂၂ ရက်မှာ ဆက်စစ်ဆေးဖို့ ရွှေ့ဆိုင်းထားပါတယ်။ 
7 months Ago
Up