အိန္ဒိယလေတပ်က ရဟတ်ယာဉ် လေကြောင်းသရုပ်ပြအဖွဲ့ ဆားရန်က ရုရှားနိုင်ငံ မော်စကို ဒေသမှာ ကျင်းပနေတဲ့ နိုင်ငံတကာလေကြောင်းပြပွဲ MAKS မှာ ဇူလိုင် ၂၄ ရက်က လေကြောင်း ကျွန်းဘားစွမ်းရည် ပြသခဲ့ပါတယ်။
ဒါဟာ ဒေါင်းလို့ အဓိပ္ပာယ်ရတဲ့ ဆားရန် အဖွဲ့ရဲ့ ရုရှားကို ပထမဆုံး အလည်အပတ် ခရီးစဉ် လည်း ဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ ဒေါင်းလို ဆေးခြယ်ထားတဲ့ အိန္ဒိယပြည်တွင်းထုတ် အဆင့်မြင့် အပေါ့စား ဒရူဗိုရဟတ်ယာဉ်တွေကို သုံးခဲ့တာပါ။
၂၀၂၁ ခုနှစ်အတွက် MAKS နိုင်ငံတကာ လေကြောင်းပြပွဲကို ဇူလိုင် ၂၀ ကနေ ၂၅ ရက်အထိ ကျင်းပမှာ ဖြစ်ပါတယ်။