စွမ်းရည်

April 1, 2020

အသင်းသားတွေ စွမ်းရည်တိုးတက်လာအောင် လက်တွဲဖော်တွေက ကူညီပေးမှာပါ - ဆိုးလ်ရှာ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အိမ်တွင်းအောင်းနေရတဲ့ ယူနိုက်တက်ကစားသမားတွေကို လက်တွဲ  ဖော်တွေက ကစားသမားတွေရဲ့အဆုံးသတ်စွမ်းရည်ကို မြင့်တက်လာအောင် ကူညီပေးနိုင်လိမ့်မယ်လို့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ဟာသလုပ်ပြောဆိုခဲ့ပါတယ်။  ကိုရိုနာကြောင့် ပရီးမီးယားလိဂ်ကို ဧပြီ ၃၀ အထိ  ရပ်နားထားရပြီး ကစားသမားအားလုံးနဲ့ အသင်းဝန်ထမ်းတွေဟာ ပြီးခဲ့တဲ့နှစ်ပတ်အတွင်း သူတို့အိမ်တွေကနေ  အလုပ်လုပ်ခဲ့ကြရပါတယ်။ ဒါ့အပြင် ကစားသမားတွေကိုလည်း သူတို့အိမ်မှာရှိနေစဉ်အတွင်း ဆောင်ရွက်ဖို့အတွက် တကိုယ်တော်လေ့ကျင့်ရေးအစီစဉ်တွေနဲ့ အစားအသောက်ပုံစံတွေကို ချမှတ်ပေးထားပါတယ်။  “ကျနော်လည်း ဒီအတောအတွင်း ခြံထဲကဥယျာဉ်ထဲမှာ ကလေးတွေနဲ့ အဆုံးသတ်ပိုင်း ဆိုင်ရာကို လေ့ကျင့်ဖြစ်ပါတယ်။ အဲ့ဒီလိုပဲအခုချိန်မှာက စားသမားတွေအနေနဲ့ သူတို့ရဲ့လှုပ်ရှားမှုနဲ့ အဆုံးသတ်ပိုင်းကို လေ့ကျင့်သင့်ပါတယ်။ ကစားသမားအများစုကတော့ သူတို့အိမ်တွေမှာ လေ့ကျင့်ရေးပစ္စည်းအစုံ နဲ့ ခြံနေရာကောင်းကောင်းကို ပိုင်ဆိုင်ထားကြပါတယ်။ ဒါ့ကြော င့် ကျနော့်အနေနဲ့ သူတို့ရဲ့ဇနီး ဒါမှမဟုတ် ချစ်သူတွေက ဖြတ်တင်ပေးတွေ၊ ဖန်တီးမှုတွေ လုပ်ဆောင်ပေးခြင်းနဲ့ ကစားသမားတွေကို ကူညီပေးမယ်လို့ မျှော်လင့်ပါတယ်” လို့ ဆိုးလ်ရှားကပြောပါတယ်။  ယူနိုက်တက်အသင်းဟာ အခြေအနေတွေပြန်လည်ကောင်းမွန်လာရင် ပရီးမီးယားလိဂ်ကို ပြီးတဲ့အထိ  ကစားဖို့ထောက်ခံတဲ့ အသင်းတသင်းဖြစ်ပြီး ဒီလိုသာကစားခွင့်ရခဲ့မယ်ဆိုရင် အဆင်ပြေစေဖို့အတွက် လက်ရှိအချိန်မှာ လေ့ကျင့်မှုတွေကို လုပ်ဆောင်နေတာပါ။  
1 year Ago
Up