စွန့်ပစ်အမှိုက်

May 18, 2020

ကပ်ဘေးကာလ ထိုင်းတွင် စွန့်ပစ်အမှိုက် ၁၅ ရာခိုင်နှုန်းတိုး

ကိုရိုနာဗိုင်းရပ်စ်ကူးစက် ကပ်ဘေးအတွင်း စားစရာတွေနဲ့ကုန်စည်တွေကို အိမ်အရောက် ပို့တာက ထိုင်းနိုင်ငံသားများအတွက် ပုံမှန်အခြေအနေသစ် ဖြစ်လာနေပြီး စားသုံးသူတွေအတွက် ပိုအဆင်ပြေပေမယ့် အမှိုက်စီမံခန့်ခွဲရေးစနစ်အတွင်း တန်နဲ့ချီတဲ့ ပလတ်စတစ် အမှိုက်တွေ ထပ်တိုးလာတယ်လို့ သိရပါတယ်။ ကူးစက်မှုကြောင့် အသွားအလာကန့်သတ်ပိတ်ပင်ထားချိန်မှာ ပလတ်စတစ် အမှိုက် ပမာဏ ဟာ ထိုင်းနိုင်ငံထဲမှာ ၁၅ ရာခိုင်နှုန်း တိုးလာတယ်လို့ ညစ်ညမ်းမှု ထိန်းချုပ်ရေးဌာနကို ကိုးကားပြီး ထိုင်းမီဒီယာတွေက ရေးပါတယ်။ အမှိုက်ရာခိုင်နှုန်း အများအပြားက ပင်လယ်နဲ့ မြစ်တွေထဲမှာ အဆုံးသတ်နိုင်တယ်လို့ အဏ္ဏဝါဇီဝပညာရှင် သွန်တမ်ရွန်ဝါဆာဝပ်က သတိပေး ပြောဆိုပါတယ်။  ထိုင်းနိုင်ငံတွင်း ကမ္ဘာလှည့်ခရီးသည်တွေကြား လူကြိုက်များတဲ့ ပတ္တယားကမ်းခြေမှာတော့ စေတနာ့ဝန်ထမ်း တဖွဲ့ဟာ ဒီရေတောတွေနဲ့ ရေပြင်ပေါ်က ပလတ်စတစ်တွေ ပင်လယ်ထဲ မရောက်ခင် လိုက်ဆယ်နေပါတယ်။ သူတို့ဟာ ရေထဲမျောပါနေတဲ့ အမှိုက်တွေကို ထောင်ဖမ်းဖို့ ချောင်းမြောင်းတွေမှာ ငါးဖမ်းသမားတွေရဲ့ ပိုက်ကွန်အစအနတွေနဲ့ လုပ်ထားပြီး ငါးတွေ ရေကူးထွက်သွားနိုင်အေင် အောက်ခြေမှာ အပေါက်တွေ ချန်ထားတဲ့ ပိုက်ကွန်တွေကိုလည်း လိုက်တပ်ဆင်ခဲ့ကြပါတယ်။
1 year Ago

March 13, 2020

စွန့်ပစ်အမှိုက်များထဲ နှာခေါင်းစည်းပိုများလာ၊ ဆိုကိုကျွန်းဂေဟစနစ် ခြိမ်းခြောက်နေဟု သတိပေး

ကိုရိုနာဗိုင်းရပ်စ်စိုးရိမ်ပြီး နှာခေါင်းစည်းတွေ အများအပြားသုံးရာကနေ ဟောင်ကောင်မှာ စွန့်ပစ်အမှိုက်တွေထဲ နှာခေါင်းစည်းတွေ ပိုတိုးလာသလို ဆိုကိုကျွန်း ဂေဟစနစ်ကိုလည်း ခြိမ်းခြောက်နေတယ်လို့ တက်ကြွလှုပ်ရှားသူတွေက သတိပေးနေပါတယ်။  ကိုရိုနာဗိုင်းရပ်စ်ကို စိုးရိမ်ပြီး ဟောင်ကောင်ဒေသခံတွေ နှာခေါင်းစည်းတပ်တာကို နေရာတိုင်းလိုလို မြင်တွေ့ရပါတယ်။ ဒါပေမဲ့ အခုတော့ နှာခေါင်းစည်းတွေက ဟောင်ကောင်ရဲ့ ဝေးလံပြီး လူသူမနေတဲ့ ဆိုကိုကျွန်းပေါ်မှာ သောင်တင်နေကြပါတယ်။  အိုရှန်ဆာစီးယား ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ ပူးတွဲတည်ထောင်သူ ဂယ်ရီစတုပ်စ်က ဖေဖော်ဝါရီ ၂၈ ရက်မှာ ဟောင်ကောင်ကို လာလည်တော့ လူအတော်များများ နှာခေါင်းစည်းတပ်ထားတာကို သတိပြုမိတယ်လို့ ပြောပါတယ်။  နောက်တော့ ကမ်းခြေတွေမှာ နှာခေါင်းစည်းတွေ သောင်တင်နေတာ သတိပြုမိပြီး အဲဒီတနေ့တည်းတင် ကမ်းခြေတဝိုက်မှာ နှာခေါင်းစည်း အခု ၆၀ ကနေ ၇၀ လောက်ကို တွေ့ရတယ်လို့ ဂယ်ရီစတုပ်စ်က  ပြောပါတယ်။  ဒါဟာ လူတွေအတွက် ထိတ်လန့်စရာကောင်းတယ်လို့ စတုပ်က ပြောခဲ့ပါတယ်။ စိန့်အန်ဒရူး ပင်လယ်နို့တိုက်သတ္တဝါ သုတေသနအဖွဲ့နဲ့ပူးပေါင်းပြီး စတုပ်စ်ဟာ ဆိုကိုကျွန်းပေါ်က သမုဒ္ဒရာအမှိုက်တွေကို သုတသနပြုနေတာလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
2 years Ago
More News
Up