မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
သတင်းဓာတ်ပုံ
နိုင်ငံတကာ
အားကစား
ဘောလုံး
တင်းနစ်
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
Jobs at DVB
ဒီဗွီဘီသတင်းလွှာ
ads
x
Search
မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
သတင်းဓာတ်ပုံ
နိုင်ငံတကာ
အားကစား
ဘောလုံး
တင်းနစ်
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
Jobs at DVB
ဒီဗွီဘီသတင်းလွှာ
ads
x
Search
စွန့်ပစ်ပိုက်များ
Home
စွန့်ပစ်ပိုက်များ
November 17, 2019
1.8K
ငါးဖမ်းသင်္ဘောကြီးများ၏ စွန့်ပစ်ပိုက်များကြောင့် ရေသယံဇာတအတွက် စိုးရိမ်ရ
မြန်မာ့ပင်လယ်ပြင်မှာ ငါးဖမ်းသင်္ဘောကြီးတွေရဲ့ စွန့်ပစ်ပိုက်တွေကြောင့် ရေအောက်ကြမ်းပြင် သယံဇာတတွေဟာ ရေရှည်မှာ စိုးရိမ်စရာ ဖြစ်လာနေတယ်လို့ ရေအောက်ငါးဖမ်းပိုက် ရှင်းလင်းသူတွေက ပြောပါတယ်။
Myanmar Ocean Project အနေနဲ့ တနင်္သာရီတိုင်းထဲက အဏ္ဏဝါရေပြင်ထိန်းသိမ်းတဲ့ နေရာတချို့မှာ နိုင်ငံခြားသားရေငုပ်ပညာရှင်တွေနဲ့ ပူးပေါင်းပြီး ရေအောက်မှာရှိနေတဲ့ စွန့်ပစ်အမှိုက်တွေကို ရှင်းလင်းနေတာပါ။
မြန်မာပြည်ထဲမှာ ၂၀၁၃ ခုနှစ်က ရေစတင်ငုပ်ခဲ့ပြီး တနှစ်ထက်တနှစ် ရေအောက်အခြေနေဟာ ဆိုးရွားလာတဲ့အတွက် အခုလို ရေအောက်ကြမ်းပြင်ကို ရှင်းလင်းရေး စတင်ဆောင်ရွက်လာတာ ၁ နှစ်ဝန်းကျင်ရှိပြီလို့ Myanmar Ocean Project အဖွဲ့က Project Director မသန္တာကိုကြီးက ပြောပါတယ်။
“စစချင်း ရေစငုပ်တုန်းက တွေ့တဲ့ပိုက်က တထွာလောက်ဆို၊ နောက် လေးငါးနှစ်ကြာတော့ ပိုက်က လေး ငါးလွှာလောက် ဖြစ်လာတယ်။ ဒီလိုမျိုးနေရာတွေ များလာမယ်ဆိုရင် စိတ်ပူစရာကောင်းတယ်။ တချို့နေရာမှာဆို ရေအောက်က ကျောက်ပုံလည်း မမြင်ရတော့ဘူး၊ သဲတွေလည်း မမြင်ရတော့ဘူး၊ ပိုက်တွေပဲ မြင်ရတော့တယ်။ အဲဒီအပေါ်မှာရှိတဲ့ သန္တာကျောက်တန်းတွေလည်း ဘာမှမရှိတော့ဘူး။ အဲဒီလိုဖြစ်တာက Tourism အတွက် လုပ်စားလို့လည်း မကောင်းဘူး။ ဒေသခံတွေအတွက် ရေရှည်ဆိုလည်း ငါးမျိုးပြုန်းတီးတယ်၊ ဒီဟာတွေ ပျက်စီးသွားရင် ဘာမှမကျန်တော့ဘူး။”
အခုလို ရေအောက်ကြမ်းပြင် ပျက်စီးလာတဲ့အတွက် ငါးမျိုးစိတ်တွေ ရှင်သန်ဖို့ ခက်ခဲပြီး ဒေသခံတွေအနေနဲ့ ငါးဖမ်းဆီးရမိမှု တနှစ်ထက်တနှစ် နည်းသွားတာကြောင့် ငါးဖမ်းသင်္ဘောတွေအနေနဲ့ စွန့်ပစ်တဲ့ ငါးဖမ်းပိုက်တွေကို စနစ်တကျ စွန့်ပစ်စေချင်တယ်လို့ ဒေသခံ ဘုတ်ပြင်းမြို့နယ် လငန်းကျေးရွာနေ ရေလုပ်သား ဦးမြင့်လွင်က ပြောပါတယ်။
“ဒေသခံ တပိုင်တနိုင် လုပ်သူတွေကတော့ ဒီလိုပိုက်လုပ်ငန်းကို သိပ်မသုံးဘူး၊ ကမ်းနီးငါးဖမ်းလှေနဲ့ ကမ်းဝေးငါးဖမ်းလှေတွေက ပျက်စီးသွားတဲ့ သုံးမရတော့တဲ့ ငါးဖမ်းပိုက်တွေကို ရေထဲကို ဒီအတိုင်း မပစ်ဘဲနဲ့ သေသေချာချာ ထုပ်ပိုးပြီး ကုန်းပေါ်မှာ မီးရှို့ပစ်တာတို့၊ ကုန်းပေါ်မှာ သိမ်းဆည်းနိုင်တဲ့သူတွေနဲ့ သေသေချာချာ ပူးပေါင်းနိုင်မယ်ဆိုရင်တော့ ရေအောက်မှာ ပျက်စီးသွားတဲ့ သန္တာကျောက်တန်းတွေရော သေကျေသွားတဲ့ ငါးမျိုးစိတ်တွေရော လျော့နည်းသွားမှာ။”
ရေအောက်မှာ ပျက်စီးနေတဲ့ အခြေအနေတွေကို လူတွေ သိရှိမှု အားနည်းနေသေးတာကြောင့် အခုလို ဦးဆောင်ပြုလုပ်ရတာဖြစ်ပြီး ရရှိလာတဲ့ အချက်လက်တွေကို သက်ဆိုင်တဲ့ အဖွဲ့စည်းတွေ သိရှိအောင်ဆောင်ရွက်ကာ ရေရှည်မှာ စနစ်တကျ ထိန်းသိမ်းနိုင်အောင် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
Myanmar Ocean Project အနေနဲ့ ထားဝယ်၊ မြိတ်၊ ကော့သောင်းခရိုင်အတွင်းက ရေအောက်နေရာ ၅၀ ကျော်မှာ ရေငုပ်စစ်တမ်းကောက် ဆယ်ယူခဲ့ပြီး တနှစ်အတွင်း အမှိုက် ကီလို ၁၆၀၀ ဝန်းကျင် ဆယ်ယူရရှိခဲ့ကာ အများဆုံးက ငါးဖမ်းသင်္ဘောတွေက စွန့်ပစ်ထားတဲ့ ငါးဖမ်းပိုက်တွေ ဖြစ်တယ်လို့ သိရပါတယ်။
ကမ္ဘာ့ပင်လယ် သမုဒ္ဒရာထဲကို ငါးဖမ်းသင်္ဘောတွေက စွန့်ပစ်တဲ့ ငါးဖမ်းပိုက်တွေဟာ နှစ်စဉ် မက်ထရစ်တန်ချိန်ပေါင်း ၆ သန်း ၄ သိန်းကျော် စွန့်ပစ်နေတာကြောင့် ရေနေသတ္တဝါတွေ သိန်းနဲ့ချီပြီး ထိခိုက်ဒဏ်ရာရရှိတာ သေဆုံးတာနဲ့ မျိုးစိတ်တွေ ပျောက်ကွယ်သွားတာတွေ ရှိနေတယ်လို့ World Animals Protection အဖွဲ့က ခန့်မှန်းထားပါတယ်။
အောင်ကျော်
3 years Ago
© Copyright 2021 DVB Designed and Developed by
Digit X Myanmar
.
Up