စွဲချက်တင်

January 8, 2017

အမေရိကန် လေဆိပ်ပစ်ခတ်သူကို အစိုးရရှေ့နေ့များ စွဲချက်တင်

အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ ဖို့ဒ်လော်ဒါဒေးလ်လေဆိပ်မှာ လူ ၅ ဦးကို ပစ်သတ်ခဲ့သူကို အစိုးရရှေ့နေတွေက ဒီနေ့ စွဲချက်တင်လိုက်ပါတယ်။ အသက် ၂၆ နှစ်အရွယ် အက်စ်တဲဘမ် ဆန်ဒီယာဂို (Esteban Santiago) ဟာ ဖို့ဒ်လော်ဒါဒေးလ် လေဆိပ်မှာ ပစ်ခတ်ခဲ့တာဖြစ်ပြီး လူ ၆ ဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်။ နိုင်ငံတကာလေဆိပ်မှာ လူသေဆုံးခဲ့တဲ့အထိ တိုက်ခိုက်ခဲ့မှုနဲ့ စွဲချက်တင်လိုက်ပြီး သေဒဏ်အထိ ကျခံရနိုင်ပါတယ်။ ဆန်ဒီယာဂိုဟာ လက်နက်မှုနဲ့လည်း စွဲချက်တင်ခံရပါတယ်။ သူ ဖို့ဒ်လော်ဒါဒေးလ် လေဆိပ်မှာ တိုက်ခိုက်ဖို့လို့ကို အလက်စကားကနေ တမင် ထွက်လာခဲ့တာလို့ပြောကြောင်း စုံစမ်းစစ်ဆေးရေးအရာရှိ ဂျော့ပီရိုက ပြောဆိုပါတယ်။ သူ ပစ်ခတ်လို့ ကျည်ဆန်ကုန်အပြီးမှာ ရဲထံအဖမ်းခံခဲ့ပြီး သူ ဘာကြောင့် လေဆိပ်ကို ပစ်မှတ်ထားခဲ့တယ်ဆိုတာကို မသိရှိသေးဘူးလို့လည်း ပြည်နယ်အာဏာပိုင်တွေက ပြောဆိုပါတယ်။ အကြမ်းဖက်မှု ဟုတ်မဟုတ်လည်း အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေပါတယ်။
5 years Ago

March 17, 2015

စာရေးဆရာ ထင်လင်းဦးကို သာသနာညှိုးနွမ်းစေမှုဖြင့် စွဲချက်တင် (ရုပ်သံ)

စာရေးဆရာ ထင်လင်းဦးကို  သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ (က)၊ တခြားသူများ ကိုးကွယ်ယုံကြည်ရာ ဘာသာကို ပုတ်ခတ် ပြောဆိုမှု ပုဒ်မ၂၉၈တို့နဲ့ ချောင်းဦးတရားရုံးက မတ် ၁၇ ရက်မှာ စွဲချက်တင်လိုက်ပါတယ်။ အရင်တပတ်က စွဲချက်တင်သင့်မသင်တင် လျောက်လဲချက်ပေးခဲ့ပြီးတဲ့နောက် တရားရုံးက စွဲချက် အမိန့်ချမှတ် လိုက်တာ ဖြစ်တယ်လို့ ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။ မတ် ၂၄ ရက်ကျရင် တရားလိုပြ သက်သေနဲ့ ပြန်ခေါ်သက်သေတွေကို စွပ်စွဲခံထားရတဲ့ ဦးထင်လင်းဦး ရှေ့နေက ပြန်လည် စစ်ဆေးရမှာ ဖြစ်ပါတယ်။ စာရေးဆရာ ထင်လင်းဦးရဲ့ဇနီး ဒေါ်စောစန္ဒာကတော့ “သူတို့ စွဲဆိုချက်အတိုင်းကို ဖြေရှင်းရမှာပဲ၊ တကယ်လို့ ကိုယ့်ဘက်က တရားဥပဒေ စိုးမိုးမှု မရှိဘူး၊  ဦးထင်လင်းဦးကို ချမယ်ဆိုရင်လည်း အမတို့ကတော့ ဒါကို ရင်ဆိုင်ရမှာဘဲ”လို့  ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက် စစ်ကိုင်းတိုင်း မုံရွာခရိုင် ချောင်းဦးမြို့နယ် သုံးပန်လှကျေးရွာ စာပေဟောပြော ပွဲမှာ  ဦးထင်လင်းဦးရဲ့ ဟောပြောချက်နဲ့ပတ်သက်လို့ သာသနာ ညိုးနွမ်းစေ တယ်ဆိုပြီး သူကို ဖမ်းဆီး စွဲချက် တင်ခဲ့တာ ဖြစ်ပါတယ်။ စာရေးဆရာထင်လင်းဦး အနေနဲ့  ဇန်န၀ါရီလ ၁၅ ရက်နေ့က  ချောင်းဦးမြို့နယ်မှာ သံဃာတော်တွေကို အခမ်းအနားနဲ့  ၀န်ချတောင်းပန်ခဲ့ရာမှာ  သံဃာတော်တွေကလည်း ကျေနပ် အသိအမှတ်ပြုထယ်လို့ မိန့်ကြားထားပြီး ဖြစ်ပါတယ်။
7 years Ago
Up